၀က်စ်ဘရွန်းနှင့်ပွဲအပြီးတွင် မာစီယဲလ် လူမျိုးရေးခွဲခြားမှု ထပ်မံပြုလုပ်ခံရ

၀က်စ်ဘရွန်းနှင့်ပွဲအပြီးတွင် မာစီယဲလ် လူမျိုးရေးခွဲခြားမှု ထပ်မံပြုလုပ်ခံရ
Photo: Getty Images
Photo: Getty Images
Published 16 February 2021

မန်ယူအသင်းတောင်ပံကစားသမား မာစီယဲလ်သည် ဝက်စ်ဘရွန်းအသင်းနှင့်ပွဲ အပြီးတွင် လူမျိုးရေးခွဲခြားမှု ထပ်မံပြုလုပ်ခံခဲ့ရကြောင်း သိရသည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၄) အဖြစ် တန်းဆင်းဇုန်အတွင်းမှ ဝက်စ်ဘရွန်းအသင်းနှင့် တနင်္ဂနွေနေ့က အဝေးကွင်းပွဲယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီ သရေကျခဲ့သည်။  

ယင်းပွဲအပြီးတွင် Instagram သုံးစွဲသူအချို့က မာစီယဲလ်၏ပို့စ် အောက်၌ လူမျိုးရေးခွဲခြားသည့်စကားနှင့် ရုပ်ပုံများ မှတ်ချက်ပြုရေးသားခဲ့ခြင်းဖြစ်သည်။ 



မာစီယဲလ်နှင့် အသင်းဖော် နောက်ခံလူ တွမ်ဇီဘီသည် ဇန်နဝါရီလကုန်ပိုင်းက ရှက်ဖီးယူနိုက်တက်အသင်းအား ရှုံးနိမ့်သည့်ပွဲအပြီးတွင်လည်း လူမျိုးရေးခွဲခြားခံခဲ့ရသည်။ 

ထို့ပြင် မန်ယူအသင်းတိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၊ ချယ်လ်ဆီးအသင်းနောက်ခံလူ ရီးစ်ဂျိမ်းစ်၊ ၎င်း၏ညီမဖြစ်သူ မန်ယူအမျိုးသမီးအသင်းတိုက်စစ်မှူး လောရန်ဂျိမ်းစ်တို့လည်း မကြာသေးမီ ရက်သတ္တပတ်များအတွင်း လူမျိုးရေးခွဲခြားမှုခံခဲ့ရကြောင်း သိရသည်။ 

ဘောလုံးသမားများကို ပစ်မှတ်ထား၍ လူမျိုးရေးခွဲခြားမှုများ ပြုလုပ်နေသောကြောင့် ပြင်းထန်သည့်အရေးယူမှု ပြုလုပ်မည်ဖြစ်ကြောင်း Instagram က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ထားသည်။

Most Read

Most Recent