မန်ယူတိုက်စစ်မှူး ကာဗာနီ လက်ရွေးစင်အသင်းတွင် (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

မန်ယူတိုက်စစ်မှူး ကာဗာနီ လက်ရွေးစင်အသင်းတွင် (၂)ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ
Photo: Getty Images
Photo: Getty Images
Published 13 February 2021

မန်ယူအသင်း၏ ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် လက်ရွေးစင်အသင်းတွင် (၂)ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သိရသည်။

    

ကာဗာနီသည် ပြီးခဲ့သည့်နှစ်က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဘရာဇီးလ်အသင်းနှင့် ဆုံတွေ့ခဲ့ရာ၌ ပြိုင် ဘက်တိုက်စစ်မှူး ရစ်ချာလီဆန်နှင့် ဘောလုံးယှဉ်လုရာတွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကာဗာနီအနေဖြင့် (၂) ပွဲပယ်ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲများကို လာမည့်မတ်လတွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ကာဗာနီ၏ ပွဲပယ်ပြစ်ဒဏ်ကို အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယခုပြစ်ဒဏ်ကြောင့် ကာဗာနီသည် လာမည့်လတွင် လက်ရွေးစင်အသင်းနှင့် ပူးပေါင်းရန် လိုတော့မည်မဟုတ်ပေ။

ဥရုဂွေးအသင်းသည် မတ်လတွင် အာဂျင်တီးနား၊ ဘိုလစ်ဗီးယားတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ကာဗာနီမှာ ပွဲပယ်ပြစ် ဒဏ်ကြောင့် ယင်းနှစ်ပွဲစလုံးကို လွဲချော်ရမည် ဖြစ်သည်။

ကာဗာနီသည် ၂၀၂၀ ခုနှစ်အတွင်း လက်ရွေးစင်အသင်းအတွက် (၂)ပွဲကစားကာ (၁)ဂိုး သွင်းယူပေးခဲ့သူဖြစ်သည်။

Most Read

Most Recent