အထူးသဖြင့် ပေါ့ဘာ-ဘရူနိုဖာနန်ဒက်စ် အတွဲကို ပိုင်ဆိုင်ထားခြင်းက ဒီအသင်းရဲ့ ဖြစ် တန်စွမ်းကို ပိုမိုမြင့်မားစေတာပါ။ ပေါ့ဘာ ပြသ နေတဲ့ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းက အသင်းအပေါ် သက်ရောက်မှုကြီးပါတယ်။ သူက ဝိန်းရွန်နီ၊ အီ ဘရာဟီမိုဗစ်တို့ မရှိတဲ့နောက် အသင်းအဝတ်လဲ ခန်းထဲမှာ ဦးဆောင်သူပါ။ သူကိုယ်တိုင်လည်း မှားခဲ့တဲ့အချိန်တွေ ရှိခဲ့ပေမဲ့ အချိန်မီ အဖတ်ဆယ် နိုင်ခဲ့တယ်လို့ ဆိုရမယ်။ ကြံ့ခိုင်မှုပြည့်ဝနေရင်၊ ခံယူချက်မှန်ကန်နေရင် ပေါ့ဘာဟာ ကမ္ဘာ့ထိပ် ဆုံးတန်းမှာ ရပ်တည်နိုင်တဲ့ ကွင်းလယ်လူ ဖြစ် တယ်။ တစ်ချိန်တည်းမှာ စိတ်ဓာတ်ပြင်းပြပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ နောက်ထပ်ကွင်းလယ် လူတစ်ဦးဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်က ရှိနေပြီး ဒီကစားသမား(၂)ဦး အတွဲအဖက်က ပြိုင်ဘက် တိုင်းကို စိုးရိမ်စိတ်ပေးနိုင်ပါတယ်။ တွဲဖက်ကစား ချိန် နည်းတာတောင် သူတို့အတွဲရဲ့ သြဇာသက် ရောက်မှုက ကြီးပြီး Potential ရှိသလောက် သာ အတွဲအဖက်မိခဲ့ရင် ဒီအတွဲမျိုးက ပရီးမီးယား လိဂ်ချန်ပီယံတွေမှာသာ ရှိတဲ့အတွဲအဖက်မျိုး ဖြစ် ပါတယ်။
စစ်မှန်တဲ့စိန်ခေါ်သူဖြစ်လာပြီလား
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















