ပွဲပယ်ခံရသော ကာဗာနီဘက်မှ CONMEBOL ရပ်တည်ခဲ့ပြီး အင်္ဂလန်တွင် ဆက်ကစားရန် ၎င်းစဉ်းစားနေပြီဟု မီဒီယာများဖော်ပြ

ပွဲပယ်ခံရသော ကာဗာနီဘက်မှ CONMEBOL ရပ်တည်ခဲ့ပြီး အင်္ဂလန်တွင် ဆက်ကစားရန် ၎င်းစဉ်းစားနေပြီဟု မီဒီယာများဖော်ပြ
Photo: Sky Sports
Photo: Sky Sports
Published 7 January 2021

တောင်အမေရိကဘောလုံးအ ဖွဲ့ချုပ် (CONMEBOL)သည် (၃)ပွဲပယ်ပြစ်ဒဏ်နှင့် ဒဏ်ငွေယူရို (၁)သိန်း ချမှတ်ခံခဲ့ရသော မန်ယူတိုက်စစ်မှူး ကာဗာနီဘက်မှ ရပ်တည်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် တရားဝင်ကြေညာချက်ထုတ်ပြန်ကာ ဖော်ပြခဲ့သည်။

ဥရုဂွေးတိုက်စစ်မှူး ကာဗာနီသည် သူ၏ Instagram  တွင် လူမျိုးရေးနှင့်ပတ်သက်သည့် Negrito (လူမည်းလေး) ဟူသောစကားလုံးကို သုံးစွဲခဲ့၍ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA)က ယင်းပြစ်ဒဏ်ချမှတ်ခဲ့ပြီး ပညာပေးအစီအစဉ်များလည်း တက်ရောက်လေ့လာရမည်ဟု ညွှန်ကြားခဲ့သည်။

ကာဗာနီသည် သူ၏ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ရင်းရင်းနှီးနှီးရေးသားတုံ့ပြန်ခဲ့ခြင်းသာဖြစ်ပြီး ယင်းပြစ်ဒဏ်ချမှတ်ခံရခြင်းမှာ အလွန်ပြင်းထန်ကြောင်း ဝေဖန်မှုများရှိခဲ့သည်။

သို့ဖြစ်ရာ တောင်အမေရိကဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများက ကာဗာနီဘက်မှ ရပ်တည်ပေးခဲ့ခြင်းဖြစ်သည်။

ကာဗာနီအနေဖြင့်လည်း အင်္ဂလန်တွင် သူ၏အနာဂတ်နှင့်ပတ်သက်၍ စဉ်းစားနေပြီဖြစ်ကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။

Most Read

Most Recent