တစ်နှစ်တာအကောင်းဆုံးအသင်းတွင် နေမာအား ရွေးချယ်မှုကို ပြင်သစ်နာမည်ကြီးအားကစားသတင်းစာ L'Equipe ရှင်းလင်း

တစ်နှစ်တာအကောင်းဆုံးအသင်းတွင် နေမာအား ရွေးချယ်မှုကို ပြင်သစ်နာမည်ကြီးအားကစားသတင်းစာ L'Equipe ရှင်းလင်း
Photos : Getty Images
Photos : Getty Images
Published 6 January 2021

ပြင်သစ်နာမည်ကြီးအားကစားသတင်းစာ L'Equipe မှရွေးချယ်သည့် တစ်နှစ်တာ အကောင်းဆုံးအသင်းတွင် နေမာ ပါဝင်လာမှုကို ရှင်းလင်းဖော်ပြခဲ့ကြောင်း သိရသည်။ 

L'Equipe ၏ ဖော်ပြမှုတွင် သဘောထား ကွဲလွဲမှုနှင့် အငြင်းပွားစရာများရှိသော်လည်း ဘရာဇီးလ်ကစားသမားသည် PSG အသင်း နှင့်အတူ ပြည်တွင်း ဆုဖလားအားလုံး ဆွတ်ခူးခဲ့သည့်အပြင် အသင်းကိုလည်း ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်စေခဲ့သည်ဟု ရေးသားထားခဲ့သည်။

ယင်းစာရင်းတွင် ဘာစီလိုနာအသင်းခေါင်းဆောင် မက်ဆီ ပါဝင်ခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ်ကစားသမားများ လွှမ်းမိုးခဲ့ ကြောင်း သိရသည်။ L'Equipe သည် အဆို ပါအကောင်းဆုံးအသင်းကို ၄-၄-၂ ပုံစံဖြင့် ရွေးချယ်ခဲ့ပြီး လာလီဂါကစားသမားများထဲမှ ရီးယဲလ်နောက်ခံလူ ရာမို့စ်တစ်ဦးသာ ရွေးချယ်ခံခဲ့ရကာ ပရီးမီးယားလိဂ်မှ ကစားသမား လေးဦး ပါဝင်ခဲ့သည်။ 

ယင်းအသင်းတွင် လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှ ကစားသမား လေးဦး ရွေးချယ်ခံရပြီး အများဆုံးဖြစ်ခဲ့သလို၊ လီဗာပူးလ်အသင်းသို့ ရောက်ရှိနေသည့် ကွင်းလယ်ကစားသမား သီယာဂိုအယ်လ်ကန်တာရာမှာလည်း ဘိုင်ယန်မြူးနစ် အသင်းတွင် ပြသခဲ့သည့်ခြေစွမ်းဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ 

ဘိုင်ယန်မြူးနစ်အသင်းမှ ရွေးချယ်ခံခဲ့ရသည့် ကစားသမားများမှာ နူအာ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ကင်မစ်ချ်နှင့် လီဝန်ဒေါစကီး တို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent