အက်စတွန်ဗီလာအား လျှော့မတွက်ရန် အသင်းကစားသမားများကို မန်ယူနည်းပြ ဆိုးလ်ရှား သတိပေး

အက်စတွန်ဗီလာအား လျှော့မတွက်ရန် အသင်းကစားသမားများကို မန်ယူနည်းပြ ဆိုးလ်ရှား သတိပေး
Photo: Getty Images
Photo: Getty Images
Published 1 January 2021

မန်ယူနည်းပြ ဆိုးလ်ရှားက ယနေ့ညတွင် ကစားမည့် အက်စတွန်ဗီလာအသင်းကို လျှော့မတွက်ကြရန် အသင်းကစားသမားကို သတိပေးပြောကြားခဲ့သည်။ 

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇)အဖြစ် ယနေ့ည(မြန်မာစံတော်ချိန် ဇန်နဝါရီ ၂ ရက်၊ နံနက် ၂:၃၀ နာရီ)တွင်  အက်စတွန်ဗီလာအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားရမည်ဖြစ်သည်။ 

ဆိုးလ်ရှားက အက်စတွန်ဗီလာအသင်းမှာ ကြံ့ခိုင်မှုကောင်းမွန်သည့်အသင်းတစ်သင်းဖြစ်ပြီး စွမ်းရည်မြင့်ကစားသမားများကို ပိုင်ဆိုင်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ဒီရာသီမှာ အက်စတွန်ဗီလာအသင်းရဲ့ စွမ်းဆောင်မှုက အားရစရာပါ။ ဒင်းစမစ်ဟာ အက်စတွန်ဗီလာအသင်းကို အကောင်းဆုံး ဦးဆောင်နေပါတယ်။ ပြီးတော့ ရာသီကြိုအဖြစ် ကျွန်တော်တို့ ခြေစမ်းခဲ့တုန်းကလည်း အက်စတွန်ဗီလာအသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် သူတို့နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ဟာ ကျွန်တော်တို့အတွက် ပွဲကျပ်တစ်ပွဲဖြစ်လာမှာပါ။ အက်စတွန်ဗီလာအသင်းဟာ ကြံ့ခိုင်မှုကောင်းသလို၊ တိုက်စစ်အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပါတယ်။ သူတို့ဟာ လီဗာပူးလ်ကိုတောင် (၇-၂)ဂိုးနဲ့ အနိုင်ရထားတာပါ။ သူတို့ရဲ့ တန်ပြန်တိုက်စစ်က အရမ်းကောင်းသလို၊ စွမ်းရည်မြင့်ကစားသမားတွေလည်း ပိုင်ဆိုင်ထားပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဆိုးလ်ရှားက အက်စတွန်ဗီလာအသင်းတွင် ခြေစွမ်းပြနေသည့် အင်္ဂလန်ကွင်းလယ်လူ ဂရီးလစ်ရှ်မှာ မိမိတို့အသင်းကို ဒုက္ခပေးနိုင်သည့်ကစားသမားဖြစ်ပြီး ၎င်းကို သတိထားကစားရန် လိုအပ်ကြောင်းလည်း အသင်းသားများကို သတိပေးခဲ့ကြောင်း သိရသည်။ 

မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ် (၈)ပွဲကစားထားရာတွင် (၃)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၃)ပွဲရှုံး ရလဒ်ထွက်ပေါ်ထားသည်။ 

Most Read

Most Recent