ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် မြို့နယ်များရှိ အနံ့ပျောက်စင်တာများတွင် လူဦးရေ လျော့နည်းလာခြင်းကြောင့် စင်တာအချို့ကို ပိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် မြို့နယ်များရှိ အနံ့ပျောက်စင်တာများတွင် လူဦးရေ လျော့နည်းလာခြင်းကြောင့် စင်တာအချို့ကို ပိတ်သိမ်း
Published 30 December 2020
အိသဥ္ဇာကျော်

ရန်ကုန်တိုင်းဒေသကြီးအတွင်း Quarantine စင်တာများနှင့် မြို့နယ်များရှိ အနံ့ပျောက်စင်တာများတွင် လူဦးရေ လျော့နည်းလာခြင်းကြောင့် စင်တာအချို့ကို ပိတ်သိမ်းထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရှိ ဟိုတယ် ၅၇ ခုတွင် Quarantine ဝင်နေသူ ၁၃၀၀ ကျော်ရှိပြီး Facility Quarantine များ၌ လူဦးရေ ၈၀၀ ကျော်ရှိကြောင်း၊ မြို့နယ် COVID ကော်မတီများက ဆောင်ရွက်နေသော Community Base Facility Quarantine  ၁၆၃ ခုတွင် လူဦးရေ ၂၅၀၀ ကျော်ရှိပြီး အနံ့ပျောက်စင်တာ ၅၃ နေရာတွင် လူဦးရေ ၂၅၇ ဦးသာ ကျန်ရှိကြောင်း သိရသည်။

ဒီဇင်ဘာလဆန်းပိုင်းက  ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၂၆၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၉၂၀၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၂၀၀ ကျော်တွင် အသွားအလာကန့် သတ်ထားသူ ၈၆၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀၀ ကျော် တွင် အသွားအလာ ကန့်သတ်ထားသူ ၁၄၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၄၇၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၃၃၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ Quarantine နေရာ ၈၆၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၄၈၀၀ ကျော်၊ ကချင်ပြည်နယ်ရှိ Quarantine နေရာ၂၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၁၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးရှိ Quarantine နေရာ၂၅၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၄၈၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၃၀၀ ကျော် တွင် အသွားအလာ ကန့်သတ်ထားသူ ၂၄၀၀ ကျော်၊ ရခိုင်ပြည်နယ်ရှိ Quarantine နေရာ ၃၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၅၀၀ ကျော်၊ ရှမ်း (တောင်ပိုင်း) ရှိ Quarantine နေရာ ၁၁၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၅၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ မွန်ပြည်နယ်ရှိ Quarantine နေရာ ၄၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၆၀၀ ကျော်၊  ရှမ်း (မြောက်ပိုင်း) ရှိ Quarantine နေရာ ၄၄၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၃၀၀ ကျော်၊ နေပြည်တော်ရှိ Quarantine နေရာ ရှစ်ခုတွင် အသွားအလာ ကန့်သတ်ထားသူ ၁၃၀၀ ကျော်၊ ရှမ်း (အရှေ့) ရှိ Quarantine နေရာ၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၄၉၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၃၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထား သူ ၂၄၀၀ ကျော်၊ ချင်းပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၅၉၀ ကျော်ရှိကြောင်း သိရသည်။ 

မြန်မာနိုင်ငံတွင် COVID-19 လူနာများအနက် သေဆုံးမှုနှုန်း (CFR) ၂ ဒသမ ၁ ရာခိုင်နှုန်းရှိ၍ ကမ္ဘာ့နိုင်ငံ၊ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၇၂ နိုင်ငံမြောက်ဖြစ်ပြီး ကျန်နိုင်ငံများတွင် ၂ ဒသမ ၂ မှ ၂၉ ဒသမ ၁ ရာခိုင်နှုန်း အထိရှိနေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှရရှိသည့် အချက်အလက်အရ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဒီဇင်ဘာ ၁၂ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှု ၁၉၇၁ ဦးရှိပြီး ကမ္ဘာ့နိုင်ငံ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၁၄၁ နိုင်ငံမြောက်ဖြစ်ပြီး ကျန် ၁၄၀ နိုင်ငံ၏ လူဦးရေ တစ်သန်းလျှင် COVID-19 ဖြစ်ပွားမှုမှာ ၂၀၇၆ ဦးမှ ၉၀၄၅၀ ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇၂၁၅ ဦးရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၆၈ နိုင်ငံမြောက်ဖြစ်ပြီး ကျန် ၆၇ နိုင်ငံတွင် ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၉၁၀၄ ဦးမှ ၁၅၄၀၄၈၈၉ ဦးရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် လူဦးရေ တစ်သန်းလျှင် COVID-19 လူနာ သေဆုံးမှုမှာ ၄၁ ဦး ရှိသည့်အတွက် ကမ္ဘာ့နိုင်ငံ နယ်မြေစုစုပေါင်း ၂၃၀ အနက် ၁၂၉ နိုင်ငံမြောက်ဖြစ်ပြီး ကျန် ၁၂၈ နိုင်ငံ၏ လူဦးရေ တစ်သန်းလျှင် COVID-19 လူသေဆုံးမှုမှာ ၄၂ မှ ၁၆၆၇ ဦးဖြစ်ကြောင်းနှင့် လူဦးရေ အချိုးအစားနှင့် မတွက်ချက်ဘဲ ကိန်းဂဏန်းအနည်းအများ နှင့်ဆန်းစစ်ပါက COVID-19 လူနာ သေဆုံးမှုမှာ ၂၂၄၅ ဦး ရှိပြီး ကမ္ဘာ့နိုင်ငံနယ်မြေ စုစုပေါင်း ၂၃၀ အနက် ၅၇ နိုင်ငံမြောက်ဖြစ်ပြီး ကျန် ၅၆ နိုင်ငံ၏ COVID-19 လူနာသေဆုံးမှုမှာ ၂၃၅၉ မှ ၂၉၀၁၃၃ ဦးရှိကြောင်း သိရသည်။

Most Read

Most Recent