မျှော်လင့်ချက်ကိုယ်စီအတွက် ဇန်နဝါရီအရွေ့

မျှော်လင့်ချက်ကိုယ်စီအတွက် ဇန်နဝါရီအရွေ့
Photos: AFP.Getty Image
Photos: AFP.Getty Image
Published 27 December 2020
Phoe Thar

ပရီးမီးယားလိဂ်ရပ်ဝန်းမှာတော့ ဆုဖလား မျှော်လင့်ချက်ထားနေတဲ့အသင်းကြီးတွေဟာ မိမိ တို့အသင်းတွေရဲ့လိုအပ်ချက်အလိုက် ကြီးမားတဲ့ အပြောင်းအရွှေ့တွေကို ဇန်နဝါရီအပြောင်းအရွှေ့ မှာ အချိန်မီပြုလုပ်သွားနိုင်တယ်ဆိုတဲ့ သုံးသပ်မှု တွေလည်းရှိနေပါတယ်။ ဥရောပဘောလုံးရပ်ဝန်း ဟာ ငွေကြေးအခက်အခဲကာလကို ကြုံတွေ့နေ ရတယ်ဆိုပေမယ့် ပရီးမီးယားလိဂ်ကလပ်အသင်း ကြီးတွေအတွက်ကတော့ ဆင်ပိန်ရင်တောင် ကျွဲ လောက်ကျန်ဦးမယ့်အနေအထားပါပဲ။ ဒါကြောင့် လည်း ပြီးခဲ့တဲ့နွေဈေးကွက်မှာ ပြိုင်ဘက်ထိပ် တန်းလိဂ်တွေရဲ့ငွေကြေးသုံးစွဲမှုက သိသိသာသာ လျော့ကျခဲ့ချိန်မှာတောင် ပရီးမီးယားလိဂ်ကတော့ ထုံးစံအတိုင်း (၁)ဘီလီယံအမှတ်ကိုကျော်လွန် ခဲ့ပြီး စံချိန်သစ်တင်ဖို့တောင်နီးစပ်ခဲ့ပါတယ်။ ဒီအ တွက်လည်း ပရီးမီးယားလိဂ်ရဲ့ ဇန်နဝါရီအပြောင်း အရွှေ့ဈေးကွက်ဟာ လက်ရှိမှာအသံတိတ်သ ယောင်ဖြစ်နေပေမဲ့ ဈေးကွက်စတင်တာနဲ့တစ် ပြိုင်နက် အသင်းတွေရဲ့လိုအပ်ချက်အလိုက်ကြီး မားတဲ့ ကြီးမားတဲ့အပြောင်းအရွှေ့တွေကို ရင်ခုန် ရဖို့ရှိနေတာအမှန်ပါ။

 

Most Read

Most Recent