ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ် ခေါ်ယူသွားမည်ဟု နူနိုဆန်းတို ပြောကြား

ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ် ခေါ်ယူသွားမည်ဟု နူနိုဆန်းတို ပြောကြား
Photos: Getty Images
Photos: Getty Images
Published 25 December 2020

ဝုလ်ဗ်အသင်းနည်းပြ နူနိုဆန်းတိုက လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် တိုက်စစ်မှူးသစ် ခေါ်ယူရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။ 

ဝုလ်ဗ်အသင်း၏ အဓိကတိုက်စစ်မှူးဖြစ်သူ ဟီမင်နက်ဇ်မှာ နိုဝင်ဘာ (၂၀)ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အာဆင်နယ် (၁-၂) ဝုလ်ဗ်ပွဲတွင် ဦးခေါင်းဒဏ်ရာရရှိခဲ့ခြင်းကြောင့် ယခုအချိန်ထိ ကစားနိုင်ခြင်းမရှိသေးပေ။ 

ထို့ကြောင့် နူနိုဆန်းတိုက လာမည့်ဇန်နဝါရီတွင် တိုက်စစ်မှူးသစ် ခေါ်ယူသွားရန် စီစဉ်နေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"ရာအူးလ်(ဟီမင်နက်ဇ်)က လုပ်စရာရှိတာတွေကို လုပ်ဆောင်နေပါတယ်။ သူ့ရဲ့ဒဏ်ရာအခြေအနေက တိုးတက်ကောင်းမွန်လာပြီး ကြံ့ခိုင်ရေးအတွက်လည်း သူ လေ့ကျင့်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဟီမင်နက်ဇ်ကို ပြန်လည်အသုံးပြုဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ရမှာပါ။ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူသွားဖို့ ကျွန်တော်တို့ အသင့်ပါပဲ"ဟု နူနိုဆန်းတိုက ပြောကြားခဲ့သည်။ 

ဝုလ်ဗ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်အသင်း၌ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဘယ်လ်ဂျီယံတိုက်စစ်မှူး အော်ရီဂီကို ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရသည်။ 

အော်ရီဂီသည် လီဗာပူးလ်အသင်း၏ တိုက်စစ်တွင် ဆာလာ၊ မာနေ၊ ဖေမီနို၊ ဂျိုတာ၊ မီနာမီနိုတို့နောက်တွင်သာ ပွဲကစားခွင့်ရနေသူဖြစ်ပြီး လီဗာပူးလ်အနေဖြင့် ထိုက်တန်သည့်ပြောင်းရွှေ့ကြေးရပါက ၎င်းကို ထွက်ခွာခွင့်ပြုဖွယ်ရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent