ဇယားအောက်ဆုံး(၈)သင်းထဲ ရောက်နေလျှင် တန်းဆင်းဇုန်ပြိုင်ဘက်အဖြစ် သတ်မှတ်သည်ဟု ဆမ်အလာဒိုက်စ် ပြောကြား

ဇယားအောက်ဆုံး(၈)သင်းထဲ ရောက်နေလျှင် တန်းဆင်းဇုန်ပြိုင်ဘက်အဖြစ် သတ်မှတ်သည်ဟု ဆမ်အလာဒိုက်စ် ပြောကြား
Published 24 December 2020

အမှတ်ပေးဇယားအဆင့်(၁၉)နေရာတွင် ရပ်တည်နေသော ဝက်စ်ဘရွန်းအသင်း၏ နည်းပြ ဆမ်အလာဒိုက်စ်ကို မီဒီယာများက "အာဆင်နယ်အသင်းအား တန်းဆင်းဇုန်တိုက်ပွဲပြိုင်ပွဲအဖြစ် ရှုမြင်သလား"ဟု မေးမြန်းခဲ့ရာ ဆမ်အလာဒိုက်စ်က အောက်ဆုံး(၈)သင်းစလုံးကို တန်းဆင်းဇုန်ပြိုင်ဘက်အဖြစ် သတ်မှတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဝက်စ်ဘရွန်းနည်းပြ ဆမ်အလာဒိုက်စ်က အမှတ်ပေးဇယား အောက်ဆုံး(၈)သင်းထဲ ရောက်နေလျှင် တန်းဆင်းဇုန်ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ထိုအသင်းများကို အနိုင်ရရှိအောင် အားထုတ်ကြိုးစားသွားမည်ဟု ပြောကြားခဲ့သည်။

အမှတ်ပေးဇယားအဆင့်(၁၉)နေရာတွင် ရပ်တည်နေသော ဝက်စ်ဘရွန်းအသင်း၏ နည်းပြ ဆမ်အလာဒိုက်စ်ကို မီဒီယာများက "အာဆင်နယ်အသင်းအား တန်းဆင်းဇုန်တိုက်ပွဲပြိုင်ပွဲအဖြစ် ရှုမြင်သလား"ဟု မေးမြန်းခဲ့ရာ ဆမ်အလာဒိုက်စ်က အောက်ဆုံး(၈)သင်းစလုံးကို တန်းဆင်းဇုန်ပြိုင်ဘက်အဖြစ် သတ်မှတ်ကြောင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အာဆင်နယ်အသင်းသည် နိုဝင်ဘာလ(၁)ရက်နေ့ကတည်းက ပရီးမီးယားလိဂ်တွင် နိုင်ပွဲပျောက်ဆုံးလျက်ရှိပြီး လက်ရှိတွင် တန်းဆင်းဇုန်နှင့် (၄)မှတ်အကွာ၊ အဆင့်(၁၅)နေရာ၌ ရပ်တည်လျက်ရှိသည်။ 

ဆမ်အလာဒိုက်စ်က "သူတို့အသင်းက အောက်ဆုံး(၈)သင်းထဲ ရောက်နေသလား။ ရောက်နေတယ်ဆိုရင် သူတို့က ကျွန်တော်တို့ရဲ့ တန်းဆင်းဇုန်ပြိုင်ဘက်ပါပဲ။ မန်စီးတီးနဲ့ပွဲကို ရှုံးခဲ့တာက ပရီးမီးယားလိဂ်မှာ မဟုတ်ပေမဲ့ သူတို့ရဲ့ ယုံကြည်မှုကို ထိခိုက်စေမှာပါ။ သူတို့လည်း ဒီအရာကို အံ့သြနေလိမ့်မယ်။ သူတို့ဘာလို့ ဒီနေရာကို ရောက်နေရသလဲဆိုတာကိုပေါ့။ ဒီနေရာကနေ ဘယ်လို ရုန်းထွက်ရမလဲဆိုတာကလည်း သူတို့အတွက် အံသြစရာ ဖြစ်နေမှာပါပဲ။ ကျွန်တော်ကတော့ ဒီကနေ ဘယ်လိုရုန်းထွက်ရသလဲ သိပါတယ်။ ကျွန်တော်တို့ အာဆင်နယ်နဲ့ ကစားတဲ့အခါ သူတို့ကို တွန်းအားပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ယုံကြည်ချက်ပျောက်ဆုံးနေလို့ပါ။ ကျွန်တော်တို့ သူတို့ကို အနိုင်ယူမှာပါ။ ဇယားအောက်ဆုံး(၈)သင်းနဲ့ပွဲတွေမှာ အနိုင်ရဖို့အတွက် ကျွန်တော်တို့ ကြိုးပမ်းသွားမှာပါ"ဟု ပြောကြားခဲ့သည်။

ဆမ်အလာဒိုက်စ်သည် ၎င်း၏နည်းပြဘဝတွင် ပရီးမီးယားလိဂ်(၇)သင်းကို ကိုင်တွယ်ခဲ့ပြီး တစ်ကြိမ်တစ်ခါမျှ တန်းမဆင်းခဲ့ဖူးသည့် တန်းဆင်းဇုန်တိုက်ပွဲ စပါယ်ရှယ်လစ်နည်းပြတစ်ဦးဖြစ်သည်။

Most Read

Most Recent