ယခုရာသီစီးရီအေတွင် (၃)လသာ ကစားရသေးသော်လည်း ဒဏ်ရာရနှုန်းမှာ ယမန်နှစ်ကထက် များစွာမြင့်တက်

ယခုရာသီစီးရီအေတွင် (၃)လသာ ကစားရသေးသော်လည်း ဒဏ်ရာရနှုန်းမှာ ယမန်နှစ်ကထက် များစွာမြင့်တက်
Published 24 December 2020

Corriere dello Sport သတင်းစာသည် ၂၀၂၀- ၂၁ ရာသီအတွက် ခရစ္စမတ်အားလပ်ရက်မတိုင်မီ စီးရီးအေအသင်းများ၏ ဒဏ်ရာအခြေအနေများကို ပြုစုခဲ့ရာ (၁၄)ပွဲသာ ကစားရသေးသည့် အခြေအနေတွင် ဒဏ်ရာရရှိမှုနှုန်းမှာ ယမန်နှစ်ကထက် များစွာမြင့်တက်လျက်ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

ယခုရာသီတွင် (၃)လသာ ကစားရသေးသော်လည်း စီးရီအေ၏ ဒဏ်ရာရနှုန်းမှာ ယမန်နှစ်ရာသီကထက် များစွာမြင့်တက်လျက်ရှိကြောင်း Il Corriere dello Sport သတင်းစာက ပြုလုပ်သည့် သုတေသနတစ်ရပ်အရ သိရသည်။ 

အဆိုပါသတင်းစာသည် ၂၀၂၀- ၂၁ ရာသီအတွက် ခရစ္စမတ်အားလပ်ရက်မတိုင်မီ စီးရီးအေအသင်းများ၏ ဒဏ်ရာအခြေအနေများကို ပြုစုခဲ့ရာ (၁၄)ပွဲသာ ကစားရသေးသည့် အခြေအနေတွင် ဒဏ်ရာရရှိမှုနှုန်းမှာ ယမန်နှစ်ကထက် များစွာမြင့်တက်လျက်ရှိကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ 

စက်တင်ဘာလက စတင်သည့် ပထမဆုံးပွဲစဉ်မှ စတွက်လျှင် စီးရီးအေတစ်လိဂ်လုံးရှိ ကစားသမားများသည် ဒဏ်ရာကြောင့် ပွဲပေါင်း(၁၀၆၂)ပွဲ လွဲချော်ခဲ့ ပြီးဖြစ်ကြောင်း သိရသည်။ 

ယင်းသို့ဖြစ်ရခြင်းမှာ ပွဲစဉ်များစိပ်မှု၊ ပြင်ဆင်ချိန်နည်းပါးမှု၊ အားလပ်ရက်နည်းပါးမှု၊ ကွင်းအခြေအနေညံ့ဖျင်းမှု၊ ရာသီဥတုမကောင်းမွန်မှု၊ သက်ကြီးကစားသမားများပြားမှု၊ နွမ်းလျမှုတို့ကြောင့်ဖြစ်ပြီး များလှစွာသော ကြွက်သားဒဏ်ရာပြဿနာများကို ဖြစ်စေသည့် အဓိကအကြောင်းအရင်းဖြစ်သည်ဟု အဆိုပါသတင်းစာက သုံးသပ်ခဲ့သည်။

အတ္တလန်တာနှင့် စပီဇီယာ အသင်းတို့သည် (၃)လသာ ကစားရသေးချိန်တွင် ၂၀၁၉-၂၀ တစ်ရာသီလုံးစာ ဒဏ်ရာကြောင့် ပွဲလွဲချော်မှုကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။ 

ကာဂလီယာ ရီ၊ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ ရိုးမားအသင်းများသည် ယမန်နှစ်နှင့် သိပ်မကွာအောင် စီမံနိုင်ခဲ့ကြပြီး ဖီအိုရင်တီးနား၊ နာပိုလီ၊ ဆမ်ဒိုးရီးယားအသင်းများမှာ ဒဏ်ရာရမှုအနည်းဆုံးအသင်းများဖြစ်ကြကြောင်း သိရသည်။

Most Read

Most Recent