အခွန်ကင်းလွတ်မှု မရှိစေရန်နှင့် တရားမဝင်သော နည်းလမ်းဖြင့် ရရှိငွေများအသုံးပြုခြင်းကို ဟန့်တားနိုင်ရန် ဘဏ်ချေးငွေဖြင့် ဝင်ငွေရလမ်းတင်ပြမှုအပေါ် စိစစ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ဘဏ်များအား ဗဟိုဘဏ်ညွှန်ကြား

အခွန်ကင်းလွတ်မှု မရှိစေရန်နှင့် တရားမဝင်သော နည်းလမ်းဖြင့် ရရှိငွေများအသုံးပြုခြင်းကို ဟန့်တားနိုင်ရန် ဘဏ်ချေးငွေဖြင့် ဝင်ငွေရလမ်းတင်ပြမှုအပေါ် စိစစ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ဘဏ်များအား ဗဟိုဘဏ်ညွှန်ကြား
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (ရန်ကုန်ဘဏ်ခွဲ) ကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 22 December 2020
စည်သူအောင်

အခွန်ကင်းလွတ်မှု မရှိစေရန်နှင့် တရားမဝင်သော နည်းလမ်းဖြင့်ရရှိငွေများ အသုံးပြုခြင်းကို ဟန့်တားနိုင်ရန် ဘဏ်ချေးငွေဖြင့် ဝင်ငွေရလမ်းတင်ပြမှုအပေါ် စိစစ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ဘဏ်များအား နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားကြောင်း သိရသည်။

အခွန်ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း ၍ အချို့ Customer  များသည် ဘဏ် ချေးငွေဖြင့် ဝင်ငွေရလမ်းတင်ပြလာပါက စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန သည် ယင်း Customer  နှင့် သက်ဆိုင်သည့် ချေးငွေဆိုင်ရာအချက်အလက်များကို မြန် မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးပို့၍ ချေးငွေ အမှန်တကယ်ရယူထားခြင်းရှိ၊ မရှိ သဘော ထားမှတ်ချက်တောင်းခံသည်။ ထိုသို့ တောင်း ခံလာပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Customer  ချေးငွေရယူထားသည့် သက် ဆိုင်ရာဘဏ်များသို့ လိုအပ်သည့်အချက် အလက်များေ တာင်းယူစစ်ဆေးပေးခြင်း၊ ချေးငွေပြန်ဆပ်ချိန်တွင်လည်း ဝင်ငွေရလမ်း စိစစ်နိုင်ရေးအတွက် လိုအပ်သည့်သတင်း အချက်အလက်များ ပေးပို့ရသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ငွေရေးကြေးရေးအဖွဲ့ အစည်းများဥပဒေ ပုဒ်မ ၈၃၊ အပိုဒ်ခွဲ (ခ) အရနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၅ ခုနှစ် မတ် ၂၅ ရက်စွဲပါစာအရ ပြည် ထဲရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအတိုင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ ဘဏ်ချေးငွေ ဖြင့် ဝင်ငွေရလမ်းတင်ပြခဲ့ပြီး ချေးငွေပြန် လည်ပေးဆပ်ချိန်ရောက်ပါက အခွန်ကင်း လွတ်မှုမရှိစေရေးအတွက် ဝင်ငွေရလမ်းစိ စစ်၍ အခွန်စည်းကြပ်မှုဆောင်ရွက်နိုင်ရန်၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်ငွေ များ အသုံးပြုခြင်းကို ဟန့်တားနိုင်ရန်ဖြစ် သည်။

အခွန်တိမ်းရှောင်မှုနှင့် အခြားအခွန် ဆိုင်ရာမှုခင်းများနှင့် သက်ဆိုင်သည့် ပြစ်မှု များ ကျူးလွန်ရာမှရရှိသော ငွေကြေးနှင့် ပစ္စည်းများကို ငွေကြေးခဝါချမှုပြုလုပ်ခြင်း သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ နှင့် သက်ဆိုင်သည့်ပြစ်မှုဖြစ်ကြောင်း ငွေ ကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (င) ၌ ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ဘဏ်များအနေဖြင့် ချေးငွေဖြင့် ဝင်ငွေရလမ်း တင်ပြပြီး ချေးငွေပြန်လည်ပေးဆပ်ချိန်တွင် ယင်းငွေများသည် ငွေကြေးခဝါချမှုကင်းရှင်း ခြင်းရှိ^မရှိ ဂရုဓမ္မပြုစိစစ်ရန် လိုအပ်သည်။

သို့ပါ၍ ဘဏ်များအနေဖြင့် မိမိဘဏ် ထံမှ ချေးငွေရယူပြီး ဝင်ငွေရလမ်းတင်ပြ သည့် ကိစ္စရပ်များရှိလျှင်သော်လည်းကောင်း၊ အခါအားလျော်စွာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ဘဏ်ချေးငွေဖြင့် ဝင်ငွေရလမ်းတင် ပြသည့်ကိစ္စရပ်များအပေါ် လိုအပ်သည့် သတင်းအချက်အလက်များ တောင်းခံသည့် အခါ အချိန်နှင့်တပြေးညီ ပ့ံပိုးပေးရန်နှင့် ယင်းသို့ဆောင်ရွက်ခြင်းသည် တရားမဝင် သောနည်းလမ်းဖြင့် ရရှိသည့်ငွေများ အသုံး ပြုခြင်းကို ဟန့်တားနိုင်သဖြင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်နှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ခြင်းဖြစ်သည်။

ဘဏ်များ မတည်ငွေရေးတိုးမြှင့်ထည့် ဝင်ခြင်းနှင့် အစုရှယ်ယာလွှဲပြောင်းခြင်း ဗဟို ဘဏ်သို့ တင်ပြသည့်အခါတွင် ထည့်ဝင် မည့် ငွေကြေးရင်းမြစ်သည် အခွန်ပေးဆောင် ထားပြီးဖြစ်ကြောင်းနှင့် ငွေကြေးခဝါချမှုကင်း ရှင်းကြောင်း အစုရှယ်ယာထည့်ဝင်သူကိုယ် တိုင် လက်မှတ်ရေးထိုးထားသည့် အတည်ပြု ချက်စာမူရင်းနှင့် ဘဏ်ဒါရိုက်တာအဖွဲ့၏ တာဝန်ယူအာမခံမှု (Undertaking) အ ထောက်အထားမူရင်း ပူးတွဲတင်ပြရသည်။ ထို့နောက် ဗဟိုဘဏ်သည် စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့တို့ထံ အခွန်နှင့် ငွေ ကြေးခဝါချမှုကင်းရှင်းခြင်းရှိ^မရှိ သဘော ထားမှတ်ချက်တောင်းခံစိစစ်ပြီး ယင်းဌာန များက အတည်ပြုချက်ရရှိပြီးမှ သက်ဆိုင်ရာ ဘဏ်သို့ မတည်ငွေရေးတိုးမြှင့်ခွင့်ပြုကြောင်း အကြေားပြန်ကြားခြင်းဖြစ်သည်။

ယခုကဲ့သို့ သက်ဆိုင်ရာဌာန၊ အဖွဲ့အ စည်းများပူးပေါင်း၍ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ကြီးကြပ်ရေးအဖွဲ့ (The Financial Action Task Force-FATF) ၏ Grey List စာရင်းမှ လွတ်မြောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေချိန်တွင် နိုင်ငံတကာက မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်အပေါ် ပိုမိုယုံကြည်လာစေရေးနှင့် စည်းမျဉ်းစည်းကမ်းလိုက်နာမှု အားကောင်းသော ဘဏ်လုပ်ငန်းစနစ် ဖြစ်ထွန်းလာစေရေးအတွက် ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ စောင့်ကြပ်ကြီးကြပ်မှုများကို ခံယူ၍ တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့်အညီ ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။

Most Read

Most Recent