အိန္ဒိယ၏ ကလေးလုပ်သား မြင့်တက်မှုကို ခြိမ်းခြောက်လာသည့် ကပ်ရောဂါအန္တရာယ်

အိန္ဒိယ၏ ကလေးလုပ်သား မြင့်တက်မှုကို ခြိမ်းခြောက်လာသည့် ကပ်ရောဂါအန္တရာယ်
Published 13 December 2020
မြတ်သက်မှူးကို

အိန္ဒိယနိုင်ငံ အလယ်ပိုင်း အာဂရာမြို့တွင် ဝမ်းဗိုက်နာကျင်နေကြောင်း အသိပေးရာမှ ရိုက်နှက်ခံရ၍ ငိုနေသောလူငယ် တစ်ဦး၏အဖြစ်အား ဖြတ်သွားဖြတ်လာများက မြင်တွေ့ခဲ့ကြပြီးနောက် ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့သည်။

ရဲအရာရှိများက ထိုလူငယ် အလုပ်လုပ်နေသော တရားမဝင် ရှူးဖိနပ်စက်ရုံ၏ ဝင် ပေါက်မှ သော့ခလောက်ကြီးအား ဖျက်၍ အထဲကို ဝင်ရောက်စစ်ဆေးရာ၌ အသက် ၁၀ နှစ်မှ ၁၇ နှစ်အရွယ် ဒါဇင်နှင့်ချီသည့် ကလေးများကို တွေ့ရှိခဲ့သည်။

ကပ်ရောဂါကာလအတွင်း စာသင်ခန်းများ ပိတ်ထားပြီး မိဘများမှာလည်း အလုပ်လက်မဲ့ဖြစ်သွားမှုနှင့်အတူ ထောင်နှင့်ချီ သောမိသားစုများသည် စားဝတ်နေရေး အတွက် ၎င်းတို့၏ သား၊သမီးများအား အလုပ်စေခိုင်းခဲ့ကြသည်။ ထို့ကြောင့်ကလေး အလုပ်သမားပပျောက်ရေး ဆယ်စုနှစ် ပေါင်းများစွာတိုးတက်လာမှုများမှာ ပျက်ပြယ်ခဲ့ရုံသာမကအိန္ဒိယ၏ ကလေးငယ် မျိုးဆက်တစ်ခု၏ အနာဂတ်သည်လည်း ခြိမ်းခြောက်ခံနေရလေသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် မတ်လက အိန္ဒိယနိုင်ငံတစ်ဝန်းလုံးတွင် အသွားအလာ ကန့်သတ်ပိတ်ပင်ချက်ထုတ် ပြန်ခဲ့သည့်အတွက် ကျေးလက်ဒေသများရှိ  သန်းနှင့်ချီသောလူများသည် ဆင်းရဲတွင်းသို့ ကျဆင်းခဲ့သည်။ယင်းအခြေအနေသည်မြို့များတွင် ကျေးရွာများမှ စျေးသက်သာသည့် အလုပ်ကြမ်းသမားများ လိုအပ်ချက်ကိုဖြည့်ဆည်းရန် ကလေးသူငယ် လူကုန်ကူးမှုများ ဖြစ်ပေါ်စေခဲ့သည်။

ကပ်ရောဂါကြောင့် လုပ်ငန်းခွင်စုံစမ်း စစ်ဆေးမှုများလျော့နည်းခြင်းနှင့်လူကုန်ကူးမှုဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ နည်းပါးလာခြင်းနှင့်အတူကလေးအလုပ်သမားတိုက်ဖျက်ရေး ဥပဒေသက်ရောက်မှုကိုအဟန့် အတားဖြစ်စေခဲ့သည်။

“ဒီအခြေအနေဟာမကြုံစဖူး အခြေအ နေတစ်ရပ်ဖြစ်တယ်” ဟု ကလေးသူငယ်အ ခွင့်အရေးအဖွဲ့Bachpan Bachao Andolan ၏ ညွှန်ကြားရေးမှူးဟောင်း ဒါနန်းဂျေ တင်ဂယ်က ပြောကြားခဲ့သည်။

“ဒီကလေးတွေဟာ တစ်နေ့ကို ၁၄ နာရီ ကနေ၁၆ နာရီကြားအလုပ်လုပ်ရတယ်။သူတို့မလုပ်ချင်ဘူးလို့ ငြင်းဆန်ရင်လည်းအ ရိုက်ခံရတယ်” ဟု တင်ဂယ်ကပြောကြားခဲ့သည်။

တင်ဂယ်၏အဖွဲ့အစည်းသည် အိန္ဒိယနိုင်ငံတစ်ဝန်း ဧပြီနှင့် စက်တင်ဘာလ အတွင်း၌ ကလေး ၁,၁၉၇ ဦးကို ကယ်တင်ခဲ့ပြီး လွန်ခဲ့သည့်နှစ် ကာလတူ အချိန်က လည်းကလေး ၆၁၃ ဦးကို ကယ်တင်ခဲ့သည်။

နိုင်ငံတစ်ဝန်း ဒုက္ခရောက်နေသော ကလေးများအကူအညီတောင်းခံနိုင်ရန် စီစဉ် ပေးထားသည့် Childline ဟုခေါ်သော ဖုန်းလိုင်းကို မတ်လနှင့် သြဂုတ်လအတွင်း အကူအညီတောင်းခံသည့် ဖုန်းခေါ်ဆိုမှု ပေါင်း၁၉၂,၀၀၀ လက်ခံရရှိခဲ့ပြီး အများစုမှာ ကလေးလုပ်သားနှင့်ဆက်နွှယ်သည့် ဖြစ်စဉ်များဖြစ်သည်။၂၀၁၉ခုနှစ် ကာလ တူအချိန်၌လည်း အလားတူဖုန်းခေါ်ဆိုမှု ပေါင်း ၁၇၀,၀၀ လက်ခံရရှိခဲ့သည်။

အာဂရာမြို့ရှိ တရားမဝင်ဖိနပ်စက်ရုံ တွင်အလုပ်လုပ်ကိုင်နေသောအသက် ၁၃ နှစ်အရွယ်လူငယ်သည်ကျဉ်းမြောင်းလှသည့် အခန်းအတွင်း ရှူးဖိနပ်၏ ရာဘာဖိနပ် ခုံများအားကော်ဖြင့် ကပ်ရသည့် အလုပ်အား တစ်ရက်လျင် ၁၂ နာရီ မှ ၁၄ နာရီထိ အလုပ် လုပ်ကိုင်ရသည်။ ထို့ပြင် အစားအစာနှင့် ရေအနည်းငယ်သာရရှိသည်။ ရဲတပ်ဖွဲ့က ၎င်းနှင့် အခြားကလေးများကို စက်တင်ဘာ လအတွင်း၌ ကယ်တင်နိုင်ခ ဲ့သည်။

လိုအပ်သည့် ကလေးများအားစောင့် ရှောက်ကာကွယ်မှုပေးသည့်အစိုးရအဖွဲ့အ စည်းတစ်ခုဖြစ်သည့် ကလေးသူငယ်လူမှုဖူ လုံရေးကော်မတီ၏အကူအညီဖြင့် ထိုလူငယ်အား အာဂရာမြို့မှ ၄၆၀ ကီလိုမီတာ (၂၈၅ မိုင်) ဝေးသောဥတ္တရာပရာဒက်ရ်ှ ပြည်နယ် Bahraich ကျေးလက်မြို့ရှိ ၎င်း၏နေအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

သို့သော်ကျောင်းများပိတ်ထားပြီး၎င်း၏ ဖခင်ဖြစ်သူမှာလည်း သား၊သမီးလေး ယောက်ကို ရှာကျွေးနိုင်ရန် ရုန်းကန်နေရ သောကြောင့် ယင်းလူငယ်မှာရွာရှိ စိုက်ခင်း တစ်ခုတွင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ သည်။

အိန္ဒိယတွင် အသက် ၁၄ နှစ်အောက် ကလေးများကို မိသားစုစီးပွားရေးနှင့်လယ်ယာစိုက်ခင်းများမှလွဲ၍ အလုပ်လုပ်ကိုင်ခွင့်မပြုပေ။ ထို့ပြင် အန္တရာယ်များသောလုပ်ငန်းခွင်များဖြစ်သည့် ဆောက်လုပ်ရေးလုပ်ငန်း ခွင်များ၊ အုတ်ဖိုများနှင့် ဓာတုစက်ရုံများတွင် အလုပ်လုပ်ကိုင်ခွင့် တားမြစ်ထားသည်။

အိန္ဒိယသည်ကလေးလုပ်သားပ ပျောက်ရေးအတွက်ပြင်းပြင်းထန်ထန် ကြိုးပမ်းဆောင်ရွက်နေသော်လည်း အိန္ဒိယရှိကလေး ၁ဝသန်းကျော်သည် ခိုင်းဖတ် ဘဝသို့ရောက်ရှိနေသေးသည်ဟု UNICEF ၏အစီရင်ခံ စာတွင်ဖော်ပြထားသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသူ ၉.၅ သန်းရှိ၍ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၈,၀၀၀ ကျော်ရှိနေပြီး ကပ်ရောဂါကူးစက်မှုနှုန်းမြင့်တက်နေချိန်တွင် အသက် ၁၃ နှစ်အရွယ် လူငယ်၏ ဖခင်ဖြစ်သူ ဆူခိုင်း ရမ်သည် ဇာတ်နိမ့်တစ်ဦးဖြစ်သည့်အပြင် လယ်ယာပိုင်ဆိုင်ခြင်းလည်းမရှိသောကြောင့် အလုပ်လက်မဲ့ ဖြစ်နေပြီး စိုးရိမ်သောက ရောက်နေသည်။

တစ်နေ့၌ ရမ်သည် ၎င်း၏သားအား တစ်လလျင်ဒေါ်လာ ၆၀ ခန့်ရနိုင်သည့် အလုပ်ကို ပေးမည်ဟု ကတိပြုသည့် လူတစ် ဦးနှင့်တွေ့ဆုံခဲ့သည်။နောက်ဆုံးတွင်လူငယ် ၏မိသားစုသည် ၎င်း၏လုပ်အားခကို နှစ်လ တစ်ကြိမ်သာ ရရှိခဲ့လေသည်။

“သူတို့ရဲ့စကားတွေကို ကျွန်တော်ယုံ စားမိပြီး သားလေးကို သူတို့နဲ့အတူမြို့ကို ထည့်ပေးလိုက်မိတယ်” ဟု ရမ်ကဆိုသည်။

ကိစ္စအများအပြားတွင် မိသားစုများသည် ကလေးလူကုန်ကူးသူများကို သိရှိထား ကြသည်ဟုကလေးသူငယ်အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ဆာရာပရာတက် မစ်ရာက ပြောကြားခဲ့သည်။

ဥတ္တရာပရာဒက်ရ်ှ ရွာအချို့တွင် လူ ကုန်ကူးသူများသည် ကပ်ရောဂါကာလ အသွားအလာကန့်သတ်ထားချိန် ၆၈ ရက် အတွင်းဆင်းရဲချို့တဲ့သည့်မိသားစုဝင်များ အား အစားအစာများအခမဲ့ဝေငှပေးခဲ့ သည်။ ရွာသားများ၏ယုံကြည်မှုကိုရရှိခဲ့ပြီး နောက် ၎င်းတို့သည် ရွာသားများ၏ကလေးများကို မြို့ကြီးများတွင်အလုပ်အကိုင်ပေးမည်ဟု ကမ်းလှမ်းခဲ့ကြသည်။

“ရွာသားတွေက ဒီလူတွေကိုသိနေတဲ့ အတွက် သဘောတူလက်ခံပြီး ကလေးတွေ ကို သူတို့တွေနဲ့ထည့်ပေးလိုက်တာ” ဟု မစ်ရာက ပြောကြားခဲ့သည်။

ကလေးများသည် လပေါင်းများစွာအိမ် ပြန်မလာကြဘဲ အာဏာပိုင်များနှင့်လူမှု ကူညီရေးအဖွဲ့အစည်းများ၏ကယ်ဆယ်မှုကြောင့် သာပြန်လာခွင့်ရကြပြီးအချို့မှာမူ ရှာမတွေ့ ကြသေးပေ။

ဇူလိုင်လက အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက ကလေးလုပ်သားပပျောက်ရေးဆောင်ရွက်မှုများ ကိုနှစ်ဆမြှင့်တင်ပြီး ခရိုင်တိုင်းတွင် လူကုန်ကူးမှုတားဆီးရေးယူနစ် များကိုချမှတ်ရန်အတွက်စည်းမျဉ်းများ ထုတ်ပြန်ခဲ့သည်။သို့သော် အိန္ဒိယ ပြည်နယ် အများအပြားတွင်ယင်းစည်းမျဉ်းများကို လျစ်လျူရှုထားခဲ့ကြသည်။

အိန္ဒိယ၏ မူလတန်းနှင့်အလယ်တန်း ကျောင်းအများစုသည်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရပြီး ကလေးပေါင်း သန်း၂၀၀ ကျော်တွင် သက်ရောက်မှုရှိသည်။

ဆရာများသည်၎င်းင်းတို့၏ ကျောင်းသား များအားစစ်ဆေးကြည့်ရှုရန် မိသားစုဝင် များထံ သွားရောက်လည်ပတ် ကြသော် လည်း စမတ်ဖုန်းများသို့မဟုတ်လက်ပ်တော့ များအား ဝယ်ယူရန် မတတ်နိုင်ကြသည့် သန်းနှင့်ချီသော မိသားစုဝင်များသည် အွန်လိုင်းမှ စာသင်ကြားမှုစနစ်နှင့် အလှမ်းဝေးလျက်ရှိသည်။

နယူးဒေလီမြို့တော်ရှိ ဆင်ခြေဖုံး တစ် ခု တွင် မိုဟာမက် ရှာဇတ်ဆိုသူ အမျိုးသား တစ်ဦးကအသက်၁၄ နှစ်အရွယ်သားဖြစ်သူ ကဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင်  သဲအိတ်ကြီးများအားပခုံး၌ ထမ်းရသည့် အလုပ်လုပ်နေသည်ကို ကြည့်၍ စိတ်ပူပန်နေသည်။

“ကျောင်းတွေပိတ်ထားတော့ သားလဲ အလုပ်တွေဆက်လုပ်နေရတယ်။သူသာ ကျွန်တော်တို့ကိုမကူညီဘူးဆိုရင် ကျွန်တော် တို့မိသားစု စားဖို့အတွက် မလောက်ငှဘူး” ဟု ရှာဇတ်က စိတ်မကောင်းကြီးစွာပြော ကြားခဲ့သည်။

 

Ref: AP