စီးရီးအေပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ် (၁၁) ပွဲကြိုသုံးသပ်ချက်
Photo: Reuters
Photo: Reuters
Published 12 December 2020

ခရိုတိုနီ - စပီဇီယာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၈:၃၀ နာရီ)

အမှတ်ရရှိအောင် ရုန်းကန်နေရင်း ခရိုတိုနီက ရှုံးပွဲတွေကြား နစ်မွန်းနေဆဲပဲ။ လတ်တလောခြေစွမ်းမှာ စပီဇီယာက ပိုပြီးအားကောင်းနေတယ်။ အဝေးကွင်း (၅)ပွဲဆက် ရှုံးပွဲမရှိခဲ့လို့လည်း စပီဇီယာ အမှတ်ရဦးမယ်ထင်တယ်။

တိုရီနို - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၂ ရက် ည ၁၁:၃၀ နာရီ)

တိုရီနိုက ကစားပုံတိုးတက်လာပေမဲ့ စိတ်ပိုင်းဆိုင်ရာ ယုံကြည်ချက်မခိုင်မာဘူး။ အင်တာမီလန်ပွဲနဲ့ တူရင်ဒါဘီပွဲစဉ်တွေက တိုရီနိုရဲ့ တိုက်စစ်ကစားပုံအရဆိုရင် အူဒီးနီးစ်ခံစစ်ကို ခြိမ်းခြောက်နိုင်လိမ့်မယ်။ ဂိုးလည်းရလိမ့်မယ်။ ဒါပေမဲ့ တိုရီနို ခံစစ်က ဂိုးပေးရဦးမယ်ထင်တယ်။ (၂-၁)လောက်ဖြစ်မယ်။

လာဇီယို - ဗီရိုနာ (မြန်မာစံတော်ချိန် ဒီဇင်ဘာ ၁၃ ရက် နံနက် ၂:၁၅ နာရီ)

ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ပြီး စိတ်အေးသွားရပြီဖြစ်လို့ စီးရီးအေမှာ လာဇီယို ပိုပြီးအာရုံစိုက်ပါလိမ့်မယ်။ ဗီရိုနာက မာဂုဏ်မြင့်ပြီး ကစားပုံစနစ်ကျသလို၊ ဒီရာသီအဝေး ကွင်းမှာ အတ္တလန်တာကို အနိုင်၊ အေစီမီလန်နဲ့ ဂျူဗင်တပ်စ်ကို သရေကစားနိုင်ခဲ့လို့ လာဇီယို သတိထားရမယ်။ နောက်ပိုင်းပွဲတွေမှာ ဂိုးတွေ ခပ်လွယ်လွယ်ပေးနေရတဲ့ လာဇီယို (၂)ဂိုးပြတ် နိုင်ဖို့ ခက်ပါတယ်။ (၂-၁)လောက်ဖြစ်လာနိုင်တယ်။

Most Read

Most Recent