ဘာစီလိုနာအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အက်သလက်တီကိုနောက်ခံလူ ဖိလစ်ပီအား အငှားဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။
ဘာစီလိုနာအသင်းသည် အသင်း၏ အဓိကနောက်ခံလူ ပီကေးကို ယခုရာသီကုန်အထိ ဆုံးရှုံးရဖွယ်ရှိနေရာ ၎င်း၏နေရာတွင် အစားထိုးရန် ဖိလစ်ပီကို ခေါ်ယူလိုနေခြင်းလည်းဖြစ်သည်။
အသက် (၃၁)နှစ်အရွယ်ရှိ ဘရာဇီးလ်နောက်ခံလူ ဖိလစ်ပီသည် အက်သလက်တီကိုအသင်းတွင် နေရာရရန် ရုန်းကန်နေပြီး ယခုရာသီ ပြိုင်ပွဲစုံ (၈)ပွဲသာ ပါဝင်ကစားခွင့်ရထားကြောင်း သိရသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းက ဖိလစ်ပီကို လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ရာသီဝက်အငှားဖြင့် ခေါ်ယူရန်စီစဉ်နေပြီး အက်သလက်တီကိုအသင်းကလည်း လက်ခံဖွယ်ရှိနေကြောင်း သိရသည်။
ဘာစီလိုနာအသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းခံစစ်ပိုင်းကို အဓိကအားဖြည့်သွားရန် စီစဉ်နေပြီး ဖိလစ်ပီအပြင် မန်စီးတီးလူငယ်နောက်ခံကစားသမား အဲရစ်ဂါစီယာကိုပါ ခေါ်ယူလိုနေကြောင်း သိရသည်။















