ရိုးမားလေ့ကျင့်ရေးကွင်း၌ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများ တွေ့ရှိ

ရိုးမားလေ့ကျင့်ရေးကွင်း၌ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများ တွေ့ရှိ
Photos : Roma Twitter
Photos : Roma Twitter
Published 30 November 2020

ရိုးမားအသင်း၏ လေ့ကျင့်ရေးကွင်း Trigoria တွင် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများ တွေ့ရှိခဲ့ကြောင်း သိရသည်။

ရိုးမားအသင်းသည် Trigoria လေ့ကျင့်ရေးကွင်းကို ပြုပြင်တည်ဆောက်မှုများပြုလုပ်နေပြီး ယင်းသို့ပြုလုပ်နေစဉ် မြေတူးဖော်ရာမှ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အီတလီမီဒီယာများ၏ဖော်ပြချက်အရ ပြီးခဲ့သည့်နိုဝင်ဘာလ (၂၈)ရက်$ အီတလီစစ်တပ်မှတာဝန်ရှိသူများသည် Trigoria လေ့ကျင့်ရေးကွင်းသို့ရောက်ရှိလာပြီး ရှင်းလင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။

ဝတ်စုံပြည့်ဝတ်ဆင်ထားသည့် အီတလီစစ်တပ်မှ ဗုံးရှင်းလင်းရေးကျွမ်းကျင်သူများသည် မြေကြီးအောက်တွင် နှစ်ပေါင်းများစွာ နစ်မြုပ်နေသော  ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးအလုံး (၂၀)နီးပါးကို ရှင်းလင်းခဲ့ရကြောင်း သိရသည်။

အဆိုပါ ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများသည် Trigoria လေ့ကျင့်ရေးကွင်းသစ်စီမံကိန်း၏ အလယ်တည့်တည့်တွင် ရှိနေခဲ့ခြင်းလည်း ဖြစ်သည်။

ရိုးမားအသင်းသည် ဒုတိယကမ္ဘာစစ်လက်ကျန်ဗုံးများ တွေ့ရှိခဲ့သည့်အပေါ်  Twitter မှတစ်ဆင့် ပရိသတ်များကို အသိပေးခဲ့ပြီး အန္တရာယ်တစ်စုံတစ်ရာမရှိဘဲ ဗုံးများကို ရှင်းလင်းနိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

ထို့ ပြင် ရိုးမားအသင်းသည် လေ့ကျင့်ခန်းအစီအစဉ်များကို Trigoria လေ့ကျင့်ရေးကွင်း၏ အခြားဧရိယာတွင် ပုံမှန်အတိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent