COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ စျေးကွက်စျေးနှုန်းပြောင်းလဲမှုကြောင့် ပုံမှန်ရောင်းဝယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေး ရေတိုရေရှည်သီးနှံစျေးကွက်ဆိုင်ရာနည်းဗျူဟာ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ စျေးကွက်စျေးနှုန်းပြောင်းလဲမှုကြောင့် ပုံမှန်ရောင်းဝယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေး ရေတိုရေရှည်သီးနှံစျေးကွက်ဆိုင်ရာနည်းဗျူဟာ ရေးဆွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
မူဆယ်မြို့ မိန့်ဝိန်းဂိတ်တွင် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များကို စက်တင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ)
မူဆယ်မြို့ မိန့်ဝိန်းဂိတ်တွင် တရုတ်နိုင်ငံအတွင်း ဝင်ရောက်ရန် စောင့်ဆိုင်းနေသော ကုန်တင်ယာဉ်များကို စက်တင်ဘာလနောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ- ပြည့်စုံ)
Published 15 November 2020
နီလာ

COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ စျေးနှုန်းပြောင်းလဲမှုကြောင့် ပုံမှန်ရောင်းဝယ်မှုနှင့် ကုန်စည်စီးဆင်းမှုမှန်ကန်ရေး ရေတိုရေရှည် သီးနှံစျေးကွက်ဆိုင်ရာ နည်းဗျူဟာ ရေးဆွဲဆောင်ရွက်ရမည် ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

COVID-19 ကာလအတွင်း လယ်ယာထွက်ကုန်များ၏ စျေးကွက်စျေးနှုန်း ပြောင်းလဲမှုကြောင့် ပုံမှန်လည်ပတ်ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်စည်စီးဆင်းမှု မှန်ကန်ရေးတို့တွင် ပြည်တွင်းပြည်ပ စျေးကွက်လိုအပ်ချက် သတင်းအချက်အလက်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ ကြိုတင်သိရှိနိုင်ရေးအတွက် ရာသီချိန်အလိုက် သီးနှံထွက်ရှိမှု၊ စျေးကွက်တင်ပို့မှုဆိုင်ရာမှတ်တမ်းများ၊ ရေတိုရေရှည် သီးနှံစျေးကွက်ဆိုင်ရာ နည်းဗျူဟာများ ရေးဆွဲဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ဒေါက်တာအောင်သူက ပြောကြားသည်။

COVID-19 ဒုတိယလှိုင်းကာလတွင် ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပိုမိုတင်းကျပ်စွာ ချမှတ်ဆောင်ရွက်ခဲ့ရသဖြင့် လယ်ယာကဏ္ဍဆိုင်ရာ ထောက်ပ့ံရေးလမ်းကြောင်းအပေါ်  အကျိုးသက်ရောက်မှုနှင့် ထုတ်လုပ်မှုကွင်းဆက်တစ်လျှောက် နှောင့်နှေးကြန့်ကြာမှုမဖြစ်ပေါ်စေရေး၊ မျိုးစေ့၊ မြေသြဇာ၊ ပိုးသတ်ဆေး စသည့်သွင်းအားစုများ ဝယ်ယူသုံးစွဲရေး၊ မိုးစပါးများ အချိန်မီရိတ်သိမ်းနိုင်ရေး လုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးလုပ်ငန်းများ အထူးအလေးထားဆောင်ရွက်လိုကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ပြည်တွင်းရောင်းဝယ်ရေး၊ နိုင်ငံခြားသို့ တင်ပို့ရောင်းချရေး၊ ကုန်စျေးနှုန်းတည်ငြိမ်ရေး စသည်တို့အတွက် ဒေသအသီးသီးမှ ထွက်ရှိလာသည့် စပါးများဝယ်ယူပြီး သိုလှောင်ရုံများသို့ ပို့ဆောင်ရေးလုပ်ငန်းများတွင် ဆန်စပါး ရောင်းဝယ်ရေးဆိုင်ရာ လုပ်ငန်းရှင်များက စီစဉ်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း သိရသည်။

CERP လုပ်ငန်း စီမံကိန်းများ၏ ဆောင်ရွက်နိုင်မှုနှင့် စားနပ်ရိက္ခာဖူလုံရေး၊ သိုလှောင်ရေးနှင့် ပြည်ပသို့ တင်ပို့မည့်အစီအမံများ ပါဝင်သည့် Master Plan ရေးဆွဲမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် စားနပ်ရိက္ခာနှင့် အာဟာရဖူလုံရေး လုပ်ငန်းအပြင် လက်ရှိကြုံတွေ့နေသည့် ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် လယ်ယာကုန်ထုတ်လုပ်မှု လျော့ကျခြင်း မဖြစ်ပေါ်စေရန်နှင့် တောင်သူလယ်သမားများ အပါအဝင် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ  ထိခိုက်ခံရမှု သက်သာစေရန် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်နည်းတူ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များ၌လည်း ကောင်းမွန်ပြည့်စုံစွာ ဆောင်ရွက်နိုင်ရေး  ဆောင်ရွက်ကြရန်၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့်ချိတ်ဆက်၍ စားနပ်ရိက္ခာဖူလုံရေး၊ သိုလှောင်ရေးနှင့် ပြည်ပသို့တင်ပို့ရေး အစီအမံများပါဝင်သည့်  Master Plan ရေးဆွဲရေးကို ဌာနအားလုံး ပူးပေါင်းပါဝင်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဆိုသည်။

Most Read

Most Recent