၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ပင် အစိုးရဖွဲ့ရန်လိုအပ်သည့် မဲရလဒ်ထက် ကျော်လွန်သောပမာဏဖြင့် အနိုင်ရ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရ NLD ပါတီက ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ပင် အစိုးရဖွဲ့ရန်လိုအပ်သည့် မဲရလဒ်ထက် ကျော်လွန်သောပမာဏဖြင့် အနိုင်ရ
နိုဝင်ဘာ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် NLD ထောက်ခံသူများ အောင်ပွဲခံနေစဉ်
နိုဝင်ဘာ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် NLD ထောက်ခံသူများ အောင်ပွဲခံနေစဉ်
Published 9 November 2020
ကျော်ဇင်ဝင်း၊ဉာဏ်လင်းထွန်း

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲအတွက် မဲရလဒ်အပြီးသတ်မထွက်သေးသော် လည်း လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ရွေး ကောက်ကဲ့သို့ပင် အစိုးရဖွဲ့ရန်လိုအပ်သည့် မဲရလဒ်ထက် ကျော်လွန်သောပမာဏဖြင့် အနိုင်ရကြောင်း နိုဝင်ဘာ ၄ ရက် ညနေ ၄ နာရီအထိ Eleven Media Group ၏ ဒေသ အသီးသီးမှ သတင်းထောက်များပေးပို့သော မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

 နိုဝင်ဘာ ၈ ရက်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူများ၊ မဲရေတွက်ပုံများ၊ မဲရေတွက်မှုကို စောင့်ဆိုင်းနေသူများ

အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် တိုင်းနှင့်ပြည်နယ်များရှိ ပါတီဝင်များ၏ အစီရင်ခံစာအရ အစိုးရဖွဲ့နိုင်သော အရေအတွက် အနိုင်ရရှိနေသည်ဟု NLD ပါတီဗဟို ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြောကြား သည်။

“အတွင်းအစီရင်ခံစာတွေ အရတော့ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ရပြီလို့ တွက်ထားပါတယ်။ အတွင်းအစီရင်ခံစာဆိုတာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေရဲ့ အစီရင်ခံစာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လက်ရှိအနေအထားများအရ အစိုးရ ဖွဲ့ရန်လိုအပ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အရေအတွက်ပြည့်မီပြီဟု သိရကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။

 နိုဝင်ဘာ ၈ ရက်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူများ၊ မဲရေတွက်ပုံများ၊ မဲရေတွက်မှုကို စောင့်ဆိုင်းနေသူများ

“ကျွန်တော်တို့ ခန့်မှန်းတာတော့ ၃၂၂ နေရာ ပြည့်မီပြီလို့ ခန့်မှန်းထားတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ် တော်ပေါင်းထားသည့် ပြည်ထောင်စုလွှတ် တော်ကိုယ်စားလှယ် ၆၆၄ နေရာရှိပြီး ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များနုတ်ပယ်လျှင် အစိုးရဖွဲ့စည်းနိုင်ရန် ကိုယ်စားလှယ် အနည်းဆုံး ၃၂၂ နေ ရာ အနိုင်ရရှိရန်လိုအပ်သည်။

 နိုဝင်ဘာ ၈ ရက်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူများ၊ မဲရေတွက်ပုံများ၊ မဲရေတွက်မှုကို စောင့်ဆိုင်းနေသူများ

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင်   ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်မြေ များမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀ အနက် ၃၁၅ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ အနက် ၁၆၁ နေရာ  ဖြစ်သဖြင့် ပြည်ထောင်စုလွှတ်တော်တွင် အစိုးရ ဖွဲ့စည်းရာတွင် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄၇၆ ဦးနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး စုစုပေါင်း ၆၄၂ ဦး၏ ၅၀ ရာခိုင်နှုန်းအထက် လိုအပ်သဖြင့် NLD ပါတီက လွှတ်တော်ကိုယ်စား လှယ် ၃၂၂ ဦးရရှိပါက တစ်ပါတီတည်း အစိုးရ ဖွဲ့စည်းနိုင်မည်ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနေဖြင့် ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေ ရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅ နေရာ စုစုပေါင်း မဲဆန္ဒနယ် ၃၉၀ အနိုင်ရရှိကာ တောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

NLD ပါတီအနေဖြင့် လက်ရှိမဲရေတွက် ပြီးစီးမှုရလဒ်များအရ တိုင်းဒေသကြီးအားလုံးတွင် ရာခိုင်နှုန်း ၉၀ ခန့် အနိုင်ရရှိထားသည်။

 နိုဝင်ဘာ ၈ ရက်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးသူများ၊ မဲရေတွက်ပုံများ၊ မဲရေတွက်မှုကို စောင့်ဆိုင်းနေသူများ

ထို့ပြင် NLD ပါတီအနေဖြင့် ကနဦး စာရင်းများအရ အစိုးရဖွဲ့စည်းနိုင်သည့် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နေ ရာများအတွက် ကယားပြည်နယ်ရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် တွင်လည်းကောင်း၊ ချင်းပြည်နယ်ရှိ မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ကန်ပက်လက်၊ ဖလမ်း၊  ထန်တလန်မြို့နယ်များတွင် အနိုင်ရရှိထား သည်ဟု သိရသည်။

ထို့အတူ မွန်ပြည်နယ်ရှိ ကျိုက်ထို၊ ဘီး လင်း၊ သထုံ၊ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ သံဖြူဇရပ်မြို့နယ်တို့တွင်လည်း ကောင်း၊ ကရင်ပြည်နယ်တွင် ပြည်သူ့လွှတ် တော်မဲဆန္ဒနယ် ခုနစ်နေရာအနက် ခုနစ်မြို့ နယ်စလုံးတွင်လည်းကောင်း၊ အမျိုးသားလွှတ် တော်မဲဆန္ဒနယ် ၁၂ နေရာအနက် ၁၀ နေရာတွင်လည်းကောင်း ကနဦးတွင် NLD ပါတီ က အနိုင်ရှိထားသည်။

နိုဝင်ဘာ ၈ ရက် ညပိုင်းက မန္တလေးတိုင်း NLD ရုံးရှေ့တွင် ရွေးကောက်ပွဲရလဒ် လာရောက်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်

NLD ပါတီအနေဖြင့် ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၁၈ နေရာ အနက် ကိုးနေရာတွင်လည်းကောင်း၊ အမျိုး သားလွှတ်တော်မဲဆန္ဒနယ် ၁၂ နေရာအနက် ခုနစ်နေရာတွင်လည်းကောင်း၊ ရခိုင်ပြည်နယ် သံတွဲနှင့် ဂွမြို့နယ်တို့တွင်လည်း အနိုင်ရရှိ ထားကြောင်း သိရသည်။

အထွေထွေရွေးကောက်ပွဲမတိုင်မီ ရွေး ကောက်ပွဲကော်မရှင်ကို အကြောင်းပြုပြီး အစိုးရနှင့် တပ်မတော် ပွတ်တိုက်မှုရှိသော်လည်း ယခုကဲ့သို့ အစိုးရဖွဲ့စည်းနိုင်သည့် ရလဒ်အပေါ် စိုးရိမ်မှုမရှိဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ကျွန်တော်တို့က ဥပဒေဘောင် အတွင်းကလုပ်တာဆိုတော့ ဘာမှ မစိုးရိမ်ပါဘူး။ အားလုံးက ဥပဒေကို လေးစားလိုက်နာမယ် ဆိုရင် ဘယ်လိုပြဿနာမှ မရှိနိုင်ပါဘူး” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အစိုးရဖွဲ့နိုင်သောအရေအတွက် ရရှိနေပြီဟု ခန့်မှန်းသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတည်ပြီုးမှသာ စိတ်ချရမည်ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

Most Read

Most Recent