ကချင်ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၇၀ အနက် ၅၁ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရရှိထား

ကချင်ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၇၀ အနက် ၅၁ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက အနိုင်ရရှိထား
Published 9 November 2020
ထွန်းလင်းအောင်

ကချင်ပြည်နယ်တွင် မဲဆန္ဒနယ်ပေါင်း ၇၀ အနက် ၅၁ နေရာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အနိုင်ရရှိထားကြောင်း ကနဦး သတင်းအချက်အလက်များအရ သိရသည်။

ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၆ ဦးမှာ ယှဉ်ပြိုင်ရာတွင် အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၃၆ နေရာတွင် ၂၅ နေရာ၊ပြည်သူ့လွှတ်တော် ၁၈ နေရာတွင်  ၁၄ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာတွင် ၁၀ နေရာ အနိုင်ရရှိထားသည်။ ပြည်ထောင်စု ကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ပြည်နယ်လွှတ်တော်တွင် ၃ နေရာ၊ပြည်သူ့လွှတ်တော်တွင် ၂ နေရာ အနိုင်ရရှိထားပြီး ကချင်ပြည်နယ် ပြည်သူ့ပါတီက ပြည်နယ်လွှတ်တော်တွင် ၃ နေရာ၊ပြည်သူ့လွှတ်တော် ၁ နေရာ ရရှိထားသည်။ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ယခင် မံစီမဲဆန္ဒနယ် အမှတ် ၂ တွင်ပြန်လည်အနိုင်ရရှိခဲ့သည်။

တိုင်းရင်းသား ဝန်ကြီးရေးရာ ကိုယ်စားလှယ်လောင်း လေးဦးအနက် ဗမာ၊ရှမ်း၊ရဝမ် တိုင်းရင်းသားရေးရာ သုံးနေရာမှာ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိနေပြီး လီဆူတိုင်းရင်းသားရေးရာဝန်ကြီးနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးအားတီယောဟန်နှင့် လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဦးရွှေမင်း(ခ) ဦးဆီဖာလာလူးနှင့်မဲမတင်မကျ ဖြစ်နေသည့် အခြေအနေဖြစ်ကြောင်း သိရသည်။

၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက  ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁၈ နေရာအနက် ၁၂ ဦး၊အမျိုးသားလွှတ်တော်၁၂ နေရာအနက် ၁၀ ဦး၊ပြည်နယ် လွှတ်တော် ၃၆ နေရာတွင် ၂၂ ဦး၊တိုင်းရင်းသားရေးရာဝန်ကြီး ၄ နေရာတွင် ၄ နေရာလုံးတွင် အနိုင်ရရှိခဲ့သည်။

Most Read

Most Recent