ပယ်နယ်တီနှင့် ပတ်သက်ပါက မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီး ကစားသမားများအကြောင်းကိုသာ ပြောသင့်ဟု မော်ရင်ဟို ဆို

ပယ်နယ်တီနှင့် ပတ်သက်ပါက မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီး ကစားသမားများအကြောင်းကိုသာ ပြောသင့်ဟု မော်ရင်ဟို ဆို
Photos: Getty Images
Photos: Getty Images
Published 6 November 2020

စပါးအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဘရိုက်တန်အသင်းနှင့် ပွဲတွင် ဟာရီကိန်းရရှိခဲ့သည့် ပယ်နယ်တီနှင့် ပတ်သက်ပြီး ဝေဖန်နေသူများအား မန်ယူ၊ မန်စီးတီး၊ လီဗာပူးလ်နှင့် ချယ်လ်ဆီး ကစားသမားများအကြောင်းကိုသာ ပိုမိုပြောဆိုသင့်သည်ဟု ပြောကြားသွားခဲ့သည်။

    

မော်ရင်ဟိုက "ကျွန်တော် ဘယ်တော့မှ ပယ်နယ်တီတွေအကြောင်း ပြောလေ့မရှိပါဘူး။ ဒါက ကျွန်တော့်အသင်းအတွက် ကျွန်တော်တိုးတက်ချင်တဲ့ အပိုင်းလည်းမဟုတ်ဘူး။ ဒါပေမဲ့ ပယ်နယ်တီတွေနဲ့ ပတ်သက်ပြီး ပြောမယ်ဆိုုရင် ခင်ဗျားတို့အနေနဲ့ မန်ယူကစားသမားတချို့၊ မန်စီးတီးကစားသမားတချို့၊ လီဗာပူးလ်ကစားသမားတချို့နဲ့ ချယ်လ်ဆီးကစားသမားတချို့အကြောင်းကိုပဲ ပြောသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် မော်ရင်ဟိုက ဘရိုက်တန်ပွဲတွင် စပါးအသင်း ပယ်နယ်တီရခဲ့ခြင်းနှင့်ပတ်သက်ပြီး ပြောရမည်မှာ ဟာရီကိန်းအကြောင်း မဟုတ်ဘဲ VAR အကြောင်းသာ ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

 

"အခု ခင်ဗျားတို့က ဟာရီကိန်းအကြောင်းကို ပြောနေကြပြီး ဟာရီကိန်းက ဂိုးသွင်းနိုင်တဲ့ နေရာမှာ ဘောလုံးကို ထိန်းဖို့ စောင့်နေတဲ့သူဖြစ်သလို သူ့ကို လယ်လာနာက ဒီအခြေအနေပျက်သွားရင်ပြီးရောဆိုပြီး ဝင်ဖျက်ထုတ်ခဲ့ခြင်း ဖြစ်တယ်။ ဒါကို ဟာရီကိန်းက ပယ်နယ်တီယူတာတော်တယ်၊ မတော်ဘူး ပြောနေကြတာလား။ တော်တယ်၊ မတော်ဘူးဆိုတာ ဘောလုံးကို ထိန်းနိုင်တဲ့အဆင့်ကိုရောက်ပြီးမှ ပြောရမှာ။ ဒါဟာ ပြစ်ဒဏ်ဘောဖြစ်၊ မဖြစ်ကို ပြောရမှာ။ ဒါဟာ ပြစ်ဒဏ်ဘောလား၊ ပယ်နယ်တီလားဆိုတာကို ပြောရမှာ။ ဒါက VAR က ဆုံးဖြတ်တာ၊ ဒိုင်က ဆုံးဖြတ်တာဖြစ်တယ်။ ဒိုင်က ပြစ်ဒဏ်ဘောပဲ ပေးခဲ့ပြီး ကျွန်တော်ထိုင်နေတဲ့နေရာက သေချာမမြင်ရလို့ ဒီဆုံးဖြတ်ချက်က အိုကေပါတယ်။ ဒါပေမဲ့ VAR က ဒါဟာ စည်းထဲမှာလို့ ပြောခဲ့ပါတယ်။ ဒါပါပဲ။ ခင်ဗျားတို့ ပြောရမှာက VAR က ဘာလို့ စည်းထဲမှာလို့ ဆုံးဖြတ်တာလည်း ဆိုတဲ့အပိုင်းပါ။ ကိန်း အကြောင်းမဟုတ်ဘူး"ဟုလည်း မော်ရင်ဟိုက ဆိုခဲ့သည်။

Most Read

Most Recent