ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 6 November 2020

ဘရိုက်တန် - ဘန်လေ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၆ ရက်၊ ည ၁၂:၀၀ နာရီ)

ဘရိုက်တန် နိုင်ပွဲရသင့်တဲ့အချိန်ရောက်ပြီလို့ ခံစားရတယ်။ ဒီအသင်း ကစားတာကောင်းပေမဲ့၊ ပဲလေ့စ်၊ ဝက်စ်ဘရွန်းတို့နဲ့ပွဲတွေမှာ နိုင်ပွဲမရခဲ့တာ နှမြောစရာပါ။ ဘန်လေကတော့ အရင်ရာသီတွေက မြင်ရတဲ့ မာကျောမှုမျိုးကို မမြင်ရဘူး။ သူတို့ကစားတဲ့ အမြင့်ဘော၊ အဝေးဘောတွေနဲ့ တိုက်စစ်ပုံစံ အလုပ်မဖြစ်သလို၊ ခံစစ်ကလည်း အားနည်းနေတာ တွေ့ရတယ်။ ဘရိုက်တန်ကို ကြိုက်တယ်။ 

ဆောက်သမ်တန် - နယူးကာဆယ် (မြန်မာစံတော်ချိန် နိုဝင်ဘာ ၇ ရက်၊ နံနက် ၂:၃၀ နာရီ)

ဆောက်သမ်တန်က ချယ်လ်ဆီးကို သရေကျတဲ့ပွဲကလွဲပြီး နိုင်ပွဲတွေဆက်နေတာ တွေ့ရတယ်။ တိုက်စစ်ပုံစံ အရမ်းကောင်းနေပြီး၊ သွင်းဂိုးတွေ လွယ်လွယ်ယူနေတယ်။ ချီအဒမ်စ်က ဒီရာသီမှာ ပိုပြီးအားကိုးလာရတယ်။ ဒါပေမဲ့ ဒန်နီအင့်စ် ဒဏ်ရာရသွားတာကြောင့် တိုက်စစ်က အခက်အခဲရှိနိုင်တယ်။ နယူးကာဆယ်က မှန်းရခက်ပြီး ခြေစွမ်းလည်း မဆိုးဘူး။ ဆောက်သမ်တန်နို်င်ဖို့ရှိပေမဲ့ ဂိုးမပြတ်လောက်ဘူး။ 

Most Read

Most Recent