လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photos: Getty Images
Photos: Getty Images
Published 31 October 2020

ရီးယဲလ်မက်ဒရစ် - ဟွယ်ဆကာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၇:၃၀ နာရီ)

တန်းတက်အသင်းတစ်သင်းဖြစ်တဲ့ ကာဒစ်ဇ်ကို အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်၊ အခုနောက်ထပ် တန်းတက်အသင်းတစ်သင်းနဲ့အတွေ့မှာ မျက်နှာအပျက်ခံမယ်မထင်ဘူး။ ရီးယဲလ်မက်ဒရစ်ရဲ့ကစားပုံကလည်း နည်းပြ ဇီဒန်း စမ်းသပ်တာမျိုးတွေ လုပ်မနေဖို့ပဲလိုတယ်။ အသင်းက နားလည်မှုရှိပြီးသားပုံစံဖြစ်ပြီး တိုက်စစ်ပိုင်းက ပုံမှန်ခြေစွမ်းမျိုးပြနိုင်ဖို့ပဲလိုတော့တယ်။ ဟွယ်ဆကာကလည်း ပြီးခဲ့တဲ့ဆိုစီဒက်နဲ့ပွဲမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပုံအရတော့ ရီးယဲလ်လိုအသင်းအတွက် ပြိုင်ဘက်ဖြစ်ဖို့ လိုသေးတယ်။ ရီးယဲလ်နဲ့ ဂိုးအများပဲကြိုက်တယ်။

ဘီလ်ဘာအို - ဆီဗီလာ (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၉:၄၅ နာရီ)

ပွဲဆက်များမှုဒဏ်ကို ဆီဗီလာ ခံနေရပုံပေါ်နေတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်နေတယ်။ အဲဒီ (၄)ပွဲမှာ ဘာစီလိုနာနဲ့ သရေကျတဲ့ပွဲပဲ (၁)ဂိုးရခဲ့ပြီး ကျန် (၃)ပွဲစလုံးကို ဂိုးရအောင်မကစားနိုင်တော့ဘူး။ ဒါဟာ ဆီဗီလာရဲ့တိုက်စစ်ပိုင်းအားနည်းမှုကို ပိုပြီးမြင်သာစေသလိုဖြစ်လာတယ်။ ခံစစ်မှာလည်း ခွန်ဒဲဒဏ်ရာကြောင့် မကစားနိုင်တဲ့ နောက်ခံစစ်အတွဲမှာ ကားလို့စ်၊ ဂိုးမက်ဇ်အတွဲက သိပ်အသားမကျသေးသလိုပါပဲ။ ဘီလ်ဘာအိုကလည်း ရာသီအစခြေစွမ်း အားရစရာမရှိလှသေးဘူး။ အထူးသဖြင့် တိုက်စစ်ကသိသိသာသာ အားနည်းနေသေးတယ်။ ဒါပေမဲ့ ဘီလ်ဘာအိုအတွက် အားသာမှုက ဆီဗီလာ ချန်ပီယံလိဂ်တစ်ဖက်နဲ့ ပွဲဆက်များနေချိန်မှာ ဘီလ်ဘာအိုကတော့ လာလီဂါတစ်ခုတည်းကို အာရုံစိုက်ခွင့်ရ နေတာပဲဖြစ်တယ်။ အိမ်ရှင်အဖြစ်ကစားရမှာကလည်း ဘီလ်ဘာအိုကို တစ်ပန်းသာစေသလိုဖြစ်နေပြန်တယ်။ ဘီလ်ဘာအိုနဲ့ ဂိုးအနည်းပဲရွေးထားရမယ့်ပွဲပါ။

အိုဆာဆူနာ - အက်သလက်တီကို (မြန်မာစံတော်ချိန် အောက်တိုဘာ ၃၁ ရက်၊ ည ၁၂:၀၀ နာရီ)

အက်သလက်တီကိုရဲ့ခြေစွမ်းက ပြိုင်ပွဲ (၂)ခုအကြား မှာ ဟန်ချက်မမျှသလိုဖြစ်နေတယ်။ ဒါပေမဲ့ လာလီဂါဘက်မှာတော့ သိပ်ပြီးပုံမပျက်အောင်ထိန်းထားနိုင်တုန်းပဲ။ အိုဆာဆူနာကလည်း ဒဏ်ရာပြဿနာတွေရှိနေပေမဲ့ သူတို့ရဲ့ ပုံစံကောင်းကို ရအောင်ကစားပြနေနိုင်ဆဲလို့ ပြောနိုင်တယ်။ အထူးသဖြင့် အခုနောက်ပိုင်းကစားနေတဲ့ပွဲတွေမှာ ခံစစ်ပိုင်းတိုးတက်မှု ပိုရလာနေပြီး နောက်ဆုံးကစားထားတဲ့ (၄)ပွဲဆက်ပေး ဂိုးမရှိခဲ့တဲ့အထိ အိုဆာဆူနာတို့ မာကျောမှုကိုပြနေတယ်။ ဒီအချက်က အခုပွဲအတွက် အရေးပါပါတယ်။ အက်သလက်တီကိုတိုက်စစ်ကလည်း ပုံမှန်ဂိုးသွင်းအားမရှိသေးဘူး။ နောက်ပြီး အဝေးကွင်းဂိုးသွင်းနှုန်း ပုံမှန်မရတတ်ပုံ၊ အိုဆာဆူနာကလည်း ခံစစ်ပိုင်းကျစ်လျစ်နေပုံတွေက အက်သလက်တီကိုဂိုုးရရေးအတွက် စိန်ခေါ်မှုအတော်ကြီးနေသလိုပါ ပဲ။ အိုဆာဆူနာနဲ့ ဂိုးအနည်းက ပိုအားသာနေတာအမှန်ပဲ။

အလာဗတ်စ် - ဘာစီလိုနာ (မြန်မာစံတော်ချိန် နိုဝင်ဘာ ၁ ရက်၊ နံနက် ၂:၃၀ နာရီ)

နည်းပြ ကိုးမန်းအတွက်တော့ ဖိအားတွေစရှိနေပါပြီ။ လာလီဂါ (၃)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ ဘာစီလိုနာကို ကိုးမန်း ပြန်ဆွဲတင်ပြရပါတော့မယ်။ ဒီကြားထဲ ချန်ပီယံလိဂ်ကလည်း နွှဲနေရသေးပြီး ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်စတဲ့အသင်းကြီး (၂)သင်းနဲ့ ဆက်တိုက်ရင်ဆိုင်ထားရတဲ့ ဘာစီလိုနာ အခုအဝေးကွင်းပွဲအတွက် အသင့်ရှိပါ့မလား စဉ်းစားစရာပါပဲ။ အသင်း ကိုအလှည့်ကျလူထုတ်ရအောင်ကလည်း ကစားသမားအစုအဖွဲ့တစ်ခုက ဘာစီလိုနာရဲ့အရန်ခုံမှာ အဆင်သင့်ရှိမနေသေးတဲ့အခါ ကိုးမန်းရဲ့အကျပ်အတည်းကလည်း သိသာလွန်းနေတယ်။ ပြိုင်ပွဲစုံနောက်ဆုံး (၄)ပွဲဆက် ဂိုးပေးထားရတဲ့ ခံစစ်ကစားပုံရယ်၊ တိုက်စစ်ကလည်း လာလီဂါဘက်မှာ အခုနောက်ပိုင်း တစ်ဂိုးရဖို့တောင် ရုန်းနေရတဲ့အခြေအနေရယ်က အလာဗတ်စ်လို ခံစစ်အားပြုတဲ့အသင်းတစ်သင်းကို ရင်ဆိုင်ရာမှာ ဘာစီလိုနာအတွက် စိန်ခေါ်မှုလိုဖြစ်လာနို်င်တယ်။ ဘာစီလိုနာတို့ မဖြစ်မနေအနိုင်ကစားရမယ့်ပွဲဆိုပေမဲ့ ဂိုးပြတ်နိုင်ပွဲရဖို့တော့ သိပ်မလွယ်လှဘူးလို့ပဲထင်တယ်။ 

Most Read

Most Recent