ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်

ဘွန်ဒစ်လီဂါပွဲစဉ် (၅) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 24 October 2020

ဘိုင်ယန်မြူးနစ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈:၀၀ နာရီ)

ဘိုင်ယန်အသင်းမှာ နာဘရီ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရပေမဲ့ အရန်စာရင်းမှာ ဒူးဂလပ်စ်ကော်စတာ ရှိနေပြီး ဆာနေးလည်း လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်လို့ ပြဿနာမရှိပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုတော့ ဘိုင်ယန်က ဘွန်ဒစ်လီဂါအိမ်ကွင်းပွဲတွေမှာ (၁၁)ပွဲဆက်တိုက် အနိုင်ကစားထားပြီး (၉)ပွဲက ဂိုးပြတ်အနိုင်ယူခဲ့တာပါ။ ဖရန့်ဖတ်ကလည်း ဒီရာသီမှာ ရှုံးပွဲလုံးဝမရှိသေးဘူး။ အန်ဒရေဆေးလ်ဗား၊ ဘတ်ဒို့စ်တို့ကစားတဲ့ တိုက်စစ်ပိုင်းကလည်း ပြီးခဲ့တဲ့ရာသီကထက် အလုပ်ဖြစ်နေတာ တွေ့ရတယ်။ ချန်ပီယံလိဂ်ကြောင့် ဘိုင်ယန် ပွဲပန်းနိုင်ပေမဲ့ ဂိုးပြတ်ဖို့များပါတယ်။

လိုက်ပ်ဇစ် - ဟာသာဘာလင် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈:၀၀ နာရီ)

လိုက်ပ်ဇစ်ကတော့ Clean Sheet ရလဒ်တွေနဲ့ (၃)ပွဲ ဆက်အနိုင်ကစားထားပြီး ပုံစံကောင်းရနေတယ်။ ဒါပေမဲ့ ဒီပွဲပြီးရင် မန်ယူအသင်းနဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစားဖို့ရှိနေလို့ လိုက်ပ်ဇစ် လူစုံထုတ်ဖို့တော့ မဖြစ်နိုင်ဘူး။ ဟာသာဘာလင်က ရှုံးပွဲ ဆက်ပေမဲ့ အသင်းကြီးတွေကို ဒုက္ခပေးတတ်ပါတယ်။ ဟာသာဘာလင် ဂိုးပြတ်ရှုံးဖို့တော့ မရှိပါဘူး။

အူန်ယွန်းဘာလင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈:၀၀ နာရီ)

ရမှတ်တူ(၂)သင်း ထိပ်တိုက်တွေ့ဆုံမှုမှာ ဖရိုင်းဘတ်က အသင်းလိုက်အားပိုရှိပါတယ်။ အဝေးကွင်းမှာ ဖရိုင်းဘတ် မရှုံးနိုင်ဘူး။

မိန့်ဇ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၈:၀၀ နာရီ)

အင်တာမီလန်၊ ရီးယဲလ်တို့လို ထိပ်တန်းကလပ်တွေနဲ့ရင် ဆိုင်ရမဲ့ ချန်ပီယံလိဂ်ပွဲကျပ်တွေကြားမှာ မိုချန်ဂလာဘတ် အာရုံများနေနိုင်တယ်။ မိန့်ဇ် အမှတ်စရနိုင်တယ်။

ဒေါ့မွန် - ရှော်လ်ကေး (မြန်မာစံတော်ချိန် အောက်တိုဘာ ၂၄ ရက်၊ ည ၁၁:၀၀ နာရီ)

Revierderby နောက်ဆုံးတွေ့ဆုံမှု(၉)ပွဲမှာ တစ်သင်းကို (၂)ပွဲစီနိုင်ပြီး (၅)ပွဲက သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီရလဒ်ပိုင်းအရတော့ ဒါဘီဂုဏ်ပုဒ်နဲ့ လျော်ညီပြီး ကွာဟမှုမရှိခဲ့ဘူးလို့ ကောက်ချက်ချလို့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဒီနှစ်သင်းအကြား အဆင့်ချင်း အတော်ကွာခြားလာပြီး ရှော်လ်ကေးက အခုရာသီမှာ အသင်းလိုက်စိတ်ဓာတ်ပိုင်းကိုပါ ထိခိုက်နေလို့ ဒါဘီပွဲဖြစ်ပေမဲ့ အရင်လို အင်တိုက်အားတိုက် ရင်ဆိုင်နိုင်ပါ့မလားဆိုတာ ထည့်တွက်ရမယ်။ ဒေါ့မွန်အသင်းက ချန်ပီယံလိဂ်မှာ ရုန်းကန်ရတော့မှာဖြစ်ပေမဲ့ ဒီတစ်ပွဲတော့ ဂိုးပြတ်အနိုင်ယူဖို့များတယ်။

Most Read

Most Recent