ဒီရော့ဆီအား ထုတ်ပယ်ခဲ့ခြင်းမှာ ရိုးမားတာဝန်ရှိသူများ၏ ရူးမိုက်သောလုပ်ရပ်ဟု နိုင်ဂိုလန် ဝေဖန်ခဲ့ပြီး ရိုးမားအတွက် မော်ရင်ဟိုထက် ပိုကောင်းသူဖြစ်သည်ဟုဆို

ဒီရော့ဆီအား ထုတ်ပယ်ခဲ့ခြင်းမှာ ရိုးမားတာဝန်ရှိသူများ၏ ရူးမိုက်သောလုပ်ရပ်ဟု နိုင်ဂိုလန် ဝေဖန်ခဲ့ပြီး ရိုးမားအတွက် မော်ရင်ဟိုထက် ပိုကောင်းသူဖြစ်သည်ဟုဆို
Photo: Fabrizio
Photo: Fabrizio
Published 21 October 2024

ရိုးမားအသင်း၏ နာမည်ကျော် ကွင်းလယ်လူဟောင်းတစ်ဦးဖြစ်သူ နိုင်ဂိုလန်က နည်းပြဟောင်းဖြစ်သူ ဒီရော့ဆီအား ထုတ်ပယ်ခဲ့ခြင်းမှာ ရိုးမားအသင်းတာဝန်ရှိသူများ၏ ရူးမိုက်သောလုပ်ရပ်ဖြစ်သည်ဟု ဝေဖန်ခဲ့ပြီး ဒီရော့ဆီမှာ ရိုးမားအတွက် မော်ရင်ဟိုထက်ပိုကောင်းအောင် စွမ်းဆောင်ပေးခဲ့သူဖြစ်သည်ဟု ပြောကြားခဲ့သည်။

အသက် (၃၆)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံလက်ရွေးစင်ကွင်းလယ်လူဟောင်းဖြစ်သူ နိုင်ဂိုလန်သည် ရိုးမားအသင်းတွင် ၂၀၁၃-၁၄ ရာသီ (အငှား) မှ ၂၀၁၇-၁၈ ရာသီအထိ (၅)ရာသီကြာ ကစားခဲ့သူဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ (၂၀၃)ပွဲကစားရာတွင် (၃၃) ဂိုးသွင်းယူကာ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

နိုင်ဂိုလန်သည် ရိုးမားအသင်းတွင်ကစားသည့် ကာလတစ်လျှောက် ဒီရော့ဆီနှင့်တွဲဖက်ကာ အကောင်းဆုံးကစားနိုင်ခဲ့ပြီး၊ ၎င်း၏စီနီယာနှင့် အသင်းဖော်ကစားသမားဟောင်းအပေါ် ယခုကဲ့သို့ ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ဂိုလန်က ''ဒန်နီယဲလ်ဒီရော့ဆီကို ထုတ်ပယ်ခဲ့တာက ရိုးမားတာဝန်ရှိသူတွေရဲ့ ရူးမိုက်တဲ့လုပ်ရပ်ပါ။ သူ (ဒီရော့ဆီ)ဟာ ရိုးမားအသင်းအတွက် မော်ရင်ဟိုထက် ပိုကောင်းခဲ့သလို၊ ပိုလည်းလုပ်ပြနိုင်ခဲ့ပါတယ်။  ကျွန်တော့်အတွက်တော့ တော့တီနဲ့ ဒီရော့ဆီတို့ဟာ တကယ်ကိုစံပြုထိုက်သူတွေပါပဲ'' ဟုပြောကြားခဲ့သည်။

ထို့ပြင် နိုင်ဂိုလန်က အင်တာမီလန်အသင်းမှာ လက်ရှိစီးရီးအေပြိုင်ပွဲ၏ အကောင်းဆုံးအသင်းဖြစ်ပြီး၊ တိုနယ်လီ နှင့် ဘာရယ်လာတို့မှာ လက်ရှိအီတလီဘောလုံးလောက၏ အကောင်းဆုံးကစားသမားနှစ်ဦးဖြစ်သည်ဟု ချီးကျူးပြောကြားခဲ့သည်။

နိုင်ဂိုလန်သည် ရိုးမားအသင်းအပြင် ကာဂလီယာရီနှင့် အင်တာမီလန်အသင်းများတွင်လည်း ကစားခဲ့သူဖြစ်သည်။

Most Read

Most Recent