မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ် COVID-19 အနေအထား

မြန်မာနိုင်ငံ၏ စိုးရိမ်ဖွယ် COVID-19 အနေအထား
Published 16 October 2020

COVID-19 ကုသရာတွင် ထိရောက်မှုရှိသည့် ဆေးများတွင် တစ်ခုအပါအဝင် ဖြစ်ပြီး အများက မျှော်လင့်ထားသည့် Remdesivir ဗိုင်းရပ်စ်သတ်ဆေးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုများကို ဟန့်တားရာတွင် အကျိုးသက်ရောက်မှု အနည်းငယ်သာရှိနိုင်ကြောင်း သို့မဟုတ် လုံးဝ မရှိနိုင်ကြောင်း WHO က ထောက်ပံ့ပေးခဲ့သည့် လေ့ လာချက်တစ်ခုတွင် ဖော်ပြခဲ့သည်။ ပြီးခဲ့သည့်လက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသည့် အမေရိကန်သမ္မတ ထရန့်ကို ကုသသည့် ဆေးများတွင် တစ်ခု အပါအဝင် ဖြစ်သည့် Remdesivir ဆေးကို နိုင်ငံပေါင်း ၃၀ ခန့်က လူပေါင်း ၁၁,၀၀၀ ကျော်ဖြင့် လေ့လာ စမ်းသပ်ခဲ့သည်။ လေ့လာချက်အရ ယင်းဆေးဝါးသည် ဆေးရုံတင်ထားရသည့် COVID လူနာများ၏ ဆေးရုံတွင် ကုသမှုခံယူရသည့် အချိန်ပမာဏကို လျှော့ချမှု၊ အသက်ရှူ စက်တပ်ဆင်မှုနှင့် သေဆုံးမှုကို ဟန့်တားနိုင်မှု စသည့်အချက်များတွင် အကျိုးသက် ရောက်မှုအနည်းငယ်သာရှိကြောင်း အောက်တိုဘာ ၁၅ ရက်က ပြောကြားခဲ့သည်။

နောက်ထပ် သတင်းဆိုးတစ်ရပ်မှာ ဥရောပနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ မြင့်တက်နေခြင်းသည် စိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေကို ရောက်ရှိနေသည် ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ ၁၅ ရက်၌ သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ် ပြီး ယခုအခါ ဥရောပနိုင်ငံများအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုကို လျှော့ချနိုင်ရန် တင်းကျပ်သည့် စည်းမျဉ်းသစ်များ ချမှတ်လုပ်ဆောင်လာရသည်။  ပြင်သစ်တွင် အောက်တိုဘာ ၁၅ ရက်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သုံးသောင်းကျော်အထိ ပထမ ဆုံးအကြိမ် စံချိန် တင်မြင့်လာခဲ့သည့်အတွက် အစိုးရ၏ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရေး ကိုင်တွယ်မှုအပေါ် စုံစမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ရဲတပ်ဖွဲ့က ကျန်းမာရေးဝန်ကြီး၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှု အဆမတန်မြင့်တက်နေသည့် အင်္ဂလန်တွင် သန်းနှင့်ချီသည့် ပြည်သူများသည် တင်းကျပ်သော စည်းမျဉ်းများ ချမှတ်ခံရနိုင်ခြေရှိသည်။ ကူးစက်မှုမြင့် တက်နေသည့်ကြားမှ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ် လူမြင်ကွင်း တွင် ထွက်ပေါ်လာသည့် အဲလိဇဘတ်ဘုရင်မကြီးသည် ဗြိတိန်အစိုးရ၏ ထိပ်တန်းလျှို့ ဝှက်သုတေသနဓာတ်ခွဲခန်းသို့ သွားရောက်ချိန်အတွင်း နှာခေါင်းစည်းတပ်ဆင်ထားခြင်း မရှိပေ။  ပိုလန်နိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုမြင့် သည့်နေရာများကို အနီရောင်နယ်မြေအဖြစ် သတ်မှတ်၍တစ်စိတ်တစ်ပိုင်းအသွားအလာ  ကန့်သတ်ချက် ထုတ်ပြန်ခဲ့ပြီး ပြည်သူများကို တတ်နိုင်သမျှ နေအိမ်မှသာ အလုပ်လုပ်ကြရန် အစိုးရက တိုက်တွန်းခဲ့သည်။ ဆွစ်ဇာလန် တွင် ဗိုင်းရပ်စ်ကူးစက်မှုမှာ အခြားနိုင်ငံများထက် ပိုမို ဆိုးရွားနေသည်ဟု ကျန်းမာရေး ဝန်ကြီး အလိမ်းဘာဆက်က ပြောကြားခဲ့သည်။ ယင်းနှစ်နိုင်ငံတွင်ဗိုင်းရပ်စ်ကူးစက် ခံရသူသစ်များ စံချိန်တင် များပြားနေသည်။

ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၁၅ ရက်၌ နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ရသူသစ် သုံးသောင်းကျော် ရှိပြီး ပထမဆုံး အကြိမ် နေ့အလိုက် ကူးစက်မှုအမြင့်ဆုံး ဖြစ် သည်ဟု ပြည်သူ့ကျန်းမာရေးအေဂျင်စီက အောက်တိုဘာ ၁၆ ရက်၌ ထုတ်ပြန်ခဲ့သည်။ အောက်တိုဘာ ၁၅  ရက်က နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈၈ ဦး ရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၃၃,၁၂၅ ဦး အထိ မြင့်တက်ခဲ့သည်ဟု အေဂျင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်ခံရမှုနှုန်းမှာ အောက်တိုဘာ ၁၄ ရက်က ၁၂.၂ ရာခိုင်နှုန်းရှိခဲ့သော်လည်း အောက်တိုဘာ ၁၅ ရက်တွင်မူ ၁၂.၆ ရာခိုင်နှုန်း အထိ တိုးမြင့်ခဲ့သည်။ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို လျှော့ချရန် အတွက် သမ္မတ အီမန်နျူရယ်မက်ခရွန်က အောက်တိုဘာ ၁၄ ရက်နေ့မှ စတင်၍ ပါရီ မြို့တော်နှင့် အခြားမြို့ရှစ်မြို့တွင် ကာဖျူးမိန့် ထုတ်ပြန်ခဲ့ သည်။ အောက်တိုဘာ ၁၂ ရက်က  အရေး ပေါ်ကုသဆောင်တွင် ကုသမှုခံယူသူသစ် ၁၇၁ ဦး ရှိခဲ့ရာမှာ အောက်တိုဘာ ၁၃ ရက်၌ ၂၂၆ ဦး၊ အောက်တိုဘာ ၁၄ ရက်၌  ၁၉၃ဦး နှင့်  အောက်တိုဘာ ၁၅ ရက် ၌ ၂၁၉ ဦး ထပ်မံမြင့်တက်ခဲ့သည်။ နေ့အလိုက် ဆေးရုံတက်ရောက်ကုသမှုခံယူသူဦးရေမှာလည်း ၁,၇၄၁,၇၇ ဦးအထိ မြင့်တက် ခဲ့သည်။ ပါရီမြို့တော်နှင့် ပြင်သစ်၏အခြားမြို့ ရှစ်မြို့အပြင် ဂျာမနီတစ်ဝန်းတွင် ကာဖျူးအမိန့်ထုတ်ပြန်ခဲ့ပြီး အခမ်းအနားများတွင် လူစုလူဝေး အရေအတွက်ကန့်သတ်ချက်အသစ်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရ သူ သန်း ၄၀ နီးပါးရှိပြီး သေဆုံးသူ ၁.၁သန်း နီးပါးအထိ မြင့်တက်နေချိန်တွင် နိုင်ငံအများအပြား၌ နိုင်ငံတစ်ဝန်း အသွားအလာကန့် သတ်ချက်ထုတ်ပြန်မှုကြောင့် စီးပွားရေးနှင့် လူမှုရေးထိခိုက်နစ်နာမှုများ မရှိစေဘဲ ဗိုင်း ရပ်စ်ကူးစက် ပျံ့နှံ့မှုကို မည်သို့မည်ပုံထိန်းချုပ်နိုင်မည့်နည်းလမ်းများကို ခက်ခက်ခဲခဲ ရွေးချယ်နေရသည်။  ဥရောပအတွင်း ဗိုင်းရပ်စ်ကူးစက်မှုမြင့် တက်နေခြင်းသည်စိုးရိမ်ဖွယ် အခြေအနေ ဖြစ်ပြီး စည်းမျဉ်းများကိုတိုးမြင့် လုပ်ဆောင်သွားရမည့်အချိန်ဖြစ်သည်ဟု WHO ၏ ဥရောပဆိုင်ရာ ဒေသတွင်းညွှန်ကြားရေးမှူးက ကိုပင်ဟေဂင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးစာရင်း (အောက်တိုဘာ ၁၅ ရက်အထိ) အရ ရောဂါ ပိုးကူးစက်ခံရသူ စုစုပေါင်း ၃၂ç၃၅၀ ဦးနှင့် သေဆုံးသူ ၇၆၅ ဦးအထိ ရှိလာပြီ ဖြစ်သည်။ နိုင်ငံ၏လက်ရှိအနေအထားသည်လည်း ဥရောပကဲ့သို့ပင် စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ သို့ပါ၍ စီးပွားရေးနှင့် လူမှုရေးထိခိုက်နစ်နာမှုများ အနည်းဆုံး ဖြင့် ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်မည့်နည်းလမ်းများကို ဂရုပြုလုပ်ဆောင်ရန် အ ထူးလိုအပ်နေပြီဖြစ်ပါကြောင်း The Daily Eleven  သတင်းစာက ရေးသားအပ်ပါသည်။

 

 

အောက်တိုဘာ ၁၇  ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Most Read

Most Recent