၂၀၂၀ Golden Boy ဆုအတွက် ဟော်လန်းနှင့် ဆန်ချို ရေပန်းစား

၂၀၂၀ Golden Boy ဆုအတွက် ဟော်လန်းနှင့် ဆန်ချို ရေပန်းစား
Photo: Getty Images
Photo: Getty Images
Published 16 October 2020

ဒေါ့မွန်အသင်း၏ တိုက်စစ်ပိုင်းတွင် အရေးပါသော ကစားသမားနှစ်ဦးဖြစ်သည့် ဟော်လန်းနှင့် ဂျေဒန်ဆန်ချိုတို့သည် ၂၀၂၀ Golden Boy ဆုအတွက် ထိပ်ဆုံးတွင် ရေပန်းစားလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၀ ဥရောပ Golden Boy ဆုအတွက် သတ်မှတ်ချက်မှာ ဒီဇင်ဘာလ (၁၄) ရက်နေ့မတိုင်မီအသက် (၂၁)နှစ်မပြည့်သေးသည့် ကစားသမားဖြစ်ရမည်ဖြစ်ပြီး ယင်းဆုကို နှစ်စဉ်ချီးမြှင့်ပေးနေသည့် အီတလီသတင်းစာ Tuttosport က ဆန်ကာတင် ကစားသမား (၂၀)ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

Golden Boy ဆုကို ရရှိသည့်သူများထဲတွင် မက်ဆီ၊ ပေါ့ဘာ၊ ဘာပေ၊ ဒီလစ်စသည့် နာမည်ကျော် ကစားသမားများပါဝင်ခဲ့ပြီး ယမန်နှစ်က အက်သလက်တီကိုအသင်းတိုက်စစ်မှူး ယာအိုဖီးလစ် ဆွတ်ခူးရရှိခဲ့သည်။

ဆန်ကာတင်ကစားသမား (၂၀) ဦးစာရင်း

ဂျေဆန်ဆန်ချို၊ ဟော်လန်း (ဒေါ့မွန်)၊ အန်ဆုဖာတီ၊ ဆာဂျီညိုဒက်စ်(ဘာစီလိုနာ)၊ အယ်လ်ဖွန်ဆိုဒေးဗီးစ် (ဘိုင်ယန်)၊ ကာမာဗင်ဂါ (လန်းစ်)၊ ဖိုဒန်၊ ဖယ်ရန်တောရက်စ် (မန်စီးတီး)၊ ဂရင်းဝုဒ် (မန်ယူ)၊ အိုဒွိုင်း (ချယ်လ်ဆီး) ဖေဘီယိုဆေးလ်ဗား (ဝုလ်ဗ်)၊ ဗင်နီစီးယက်စ်၊ ရိုဒရီဂို (ရီးယဲလ်)၊ ကူလူဆက်ဗ်စကီး (ဂျူဗင်တပ်စ်)၊ တိုနယ်လီ (အေစီမီလန်)၊ မစ်ချဲလ်ဘက်ကာ (PSG)၊ ယော်နသန်ဒေးဗစ် (လိုင်လီ)၊ ဂရာဗင်ဘာ့ချ် (အေဂျက်စ်)၊ ဆဘိုဇာလိုင်း (ဆာလ်ဇ်ဘာ့ဂ်)၊ ဆာကာ (အာဆင်နယ်)

Most Read

Most Recent