မန်စီးတီးနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဟု ပါတေး ဆို

မန်စီးတီးနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဟု ပါတေး ဆို
Photo: Getty Images
Photo: Getty Images
Published 14 October 2020

အာဆင်နယ်ကွင်းလယ်လူသစ် ပါတေးက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အသက် (၂၇)နှစ်အရွယ်ရှိ ဂါနာကွင်းလယ်လူ ပါတေးသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အက်သလက်တီကိုအသင်းမှ အာဆင်နယ်အသင်းထံသို့ ယူရိုသန်း (၅၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။ 

အာဆင်နယ်အသင်းသည် အောက်တိုဘာ (၁၃)ရက်တွင် ပါတေးအား မိတ်ဆက်ပွဲပြုလုပ်ခဲ့ပြီး ပါတေးက မိမိအနေဖြင့် မန်စီးတီးအသင်းနှင့်ကစားမည့်ပွဲတွင် ပါဝင်ကစားရန် အသင့်ရှိကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။ 

ပါတေးက "ပွဲကြီးပွဲကောင်းတွေ ကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ ကျွန်တော့်အနေနဲ့ ပွဲကစားဖို့အသင့်ရှိနေပါပြီ။ နည်းပြကသာ ကျွန်တော့်ကို အသုံးပြုမယ်ဆိုရင် ကျွန်တော် ပါဝင်ကစားမှာပါ။ နည်းပြရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်နဲ့ အမြန်ဆုံးအသားကျအောင် သင်ယူသွားမှာပါ"ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ပါတေးက မိမိအနေဖြင့် အာဆင်နယ်အသင်းသို့ ပြောင်းရွှေ့လာခြင်းမှာ အသင်းနှင့် ချန်ပီယံဆုဖလားများ ရယူလို၍ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၅)အဖြစ် အောက်တိုဘာ (၁၇)ရက်တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

Most Read

Most Recent