UEFA Nations League ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

UEFA Nations League ပွဲစဉ် ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 13 October 2020

ဂျာမနီ - ဆွစ်ဇာလန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ပထမအကျော့ ဆွစ်ဇာလန်ကွင်းမှာတုန်းက သရေကစား ခဲ့တယ်။ ပထမပိုင်းမှာ ဂျာမနီပိုကောင်းပေမယ့် ဒုတိယပိုင်း ဆွစ် ဇာလန်ရဲ့ တုံ့ပြန်မှုက အားရစရာပါ။ ဒီပွဲလည်း ဆွစ်ဇာလန်က ဂျာမနီကို ဒုက္ခပေးနိုင်ပါတယ်။ ဒါပေမဲ့ ဂျာမနီပဲ နိုင်လိမ့်မယ်ထင် တယ်။ ဂိုးမပြတ်လောက်ဘူးလို့ ထင်တယ်။

ယူကရိန်း - စပိန် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

ယူကရိန်းက အသင်းကြီးတွေနဲ့ ကစားတဲ့ Rhythm တော်တော်လေးဆိုးနေတယ်။ စပိန်ကို ခြေမကွာဘဲ ဂိုးပြတ်ရှုံး ခဲ့သလို၊ ပြင်သစ်ကိုလည်း ခြေအပြတ်အသတ်နိမ့်ပြီး ဂိုးပြတ် ရှုံး ခဲ့တယ်။  တကယ်တော့ စပိန်က အရမ်းအားကောင်းနေတဲ့ ပုံစံ မဟုတ်ပါဘူး။ ယူကရိန်းသရေရသင့်တယ်။

မွန်တီနီဂရိုး - လူဇင်ဘတ် (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

မွန်တီနီဂရိုးက ပြိုင်ဘက်မဟုတ်တဲ့အသင်းတွေနဲ့ ကစား နေရပြီး အုပ်စုတွင်းမှာ (၃)ပွဲစလုံး အနိုင်ယူထားတယ်။ သွင်းဂိုး သိပ်မများပေမယ့် ပေးဂိုးလည်း မရှိသေးဘူး။ လူဇင်ဘတ်က နည်းနည်းတော့မာကျောတယ်။ ဒါပေမဲ့ မွန်တီနီဂရိုးနိုင်ဦးမှာပဲ။

■ အခြားပွဲစဉ်ရလဒ်များ

ဖာရိုးကျွန်းစုများ - အန်ဒိုရာ (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

လက်ချင်စတိန်း - ဆန်မာရီနို (ဗုဒ္ဓဟူးနံနက် ၁း၁၅ နာရီ)

 

Most Read

Most Recent