ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်် (၄) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုညွှန်ချုပ်(ငြိမ်း) တစ်ဦးသည် ကိုယ်စားလှယ်လောင်းလျှောက်စဉ်က ဝန်ထမ်းအဖြစ် ရှိနေသည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ စစ်ကိုင်းတိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်် (၄) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုညွှန်ချုပ်(ငြိမ်း) တစ်ဦးသည် ကိုယ်စားလှယ်လောင်းလျှောက်စဉ်က ဝန်ထမ်းအဖြစ် ရှိနေသည်ဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်
Published 11 October 2020
ကောင်းခန့်လင်း(မုံရွာ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်် (၄) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒုညွှန်ချုပ်(ငြိမ်း) တစ်ဦးသည် ကိုယ်စားလှယ်လောင်း လျှောက်ထားစဉ်က ပင်စင်မယူမီ ဝန်ထမ်းအဖြစ်ရှိနေည်ဟုဆိုကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပယ်ဖျက်လိုက်ကြောင်း ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ညွှန့်၏ ပြောကြားချက်အရ သိရသည်။

ထိုသို့ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခံခဲ့ရသူမှာ စီးပွားကူးသန်းဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ဒုညွှန်ချုပ်(အငြိမ်းစား) ဦးအောင်မောင်း ဖြစ်ကြောင်း သိရသည်။

" ပြည်ထောင်စုကော်မရှင်က ပယ်ဖျက်လိုက်တာပါ။ နိုင်ငံ့ဝန်ထမ်း ဖြစ်နေလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံပိုင်ခွင့် မရှိဘူး။ သူက ပင်စင်မယူခင်မှာ ကိုယ်စားလှယ်လောင်း လျှောက်ထားခဲ့တယ်။ အဲဒီအတွက် သူ့ကို ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ပယ်ဖျက်တာလို့ပဲ သိရတယ်"ဟု ကန့်ဘလူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌ ဦးကျော်ညွန့်က ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၌ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်၊ ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်နှင့် ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် စုစုပေါင်း မဲဆန္ဒနယ် ၁၂၅ နေရာအထိရှိပြီး ယင်းနေရာများအတွက် ကိုယ်စားလှယ်လောင်း ၆၈၅ ဦးက အမည်စာရင်း တင်သွင်းထားကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ်လောင်း ၆၈၅ ဦးတွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၇ နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ကိုးဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၉၉ ဦး၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာအတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း နှစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

အလားတူ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် ၇၄ နေရာအတွက် တစ်သီးပုဂ္ဂ ကိုယ်စားလှယ်လောင်း ၁၇ ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၀၆ ဦး၊ ချင်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လေးဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၁ ဦး၊ ရှမ်းတိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်အတွက် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၌ မဲဆန္ဒနယ်အပြည့်် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီလေးခုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (နှင်းဆီပါတီ)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီတို့ ဖြစ်သည်။

Most Read

Most Recent