စီရော်နယ်လ်ဒို၏ မွေးရပ်မြေ ဖန်ချယ်မြို့ရှိနေအိမ် ဖောက်ထွင်းခံရ

စီရော်နယ်လ်ဒို၏ မွေးရပ်မြေ ဖန်ချယ်မြို့ရှိနေအိမ် ဖောက်ထွင်းခံရ
Photos: Getty Images & Instagram
Photos: Getty Images & Instagram
Published 10 October 2020

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် စီရော်နယ်လ်ဒို၏မွေးရပ်မြေ မာဒဲရားကျွန်းရှိ ဖန်ချယ်မြို့မှနေအိမ် ဖောက်ထွင်းခံရ ကြောင်း သိရသည်



အခင်းဖြစ်ပွားသည့်နေ့မှာ ပေါ်တူဂီနှင့် စပိန်အသင်းတို့ ခြေစမ်းပွဲကစားခဲ့သည့် ဗုဒ္ဓဟူးနေ့ကဖြစ်ပြီး ခုနစ်ထပ်ရှိသည့် ယင်း နေအိမ်တွင် စီရော်နယ်လ်ဒို၏မိခင် ဒိုလိုရက်စ်နှင့် အစ်ကိုဖြစ်သူ ဟူဂိုတို့ နေထိုင်လျက်ရှိသည်။ 

ကနဦးစုံစမ်းစစ်ဆေးမှုအရ ဖောက်ထွင်းသူသည် ပြုပြင်ထိန်းသိမ်းရေးဝန်ထမ်းတစ်ဦး ဖွင့်ထားသည့် ကားဂိုဒေါင်တံခါးမှတစ်ဆင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

သူခိုးသည် စီရော်နယ်လ်ဒို၏နေအိမ်မှ စီရော်နယ်လ်ဒို လက်မှတ်ရေးထိုးထားသည့် ဂျူဗင်တပ်စ်အသင်း ဂျာစီအပါအဝင် တန်ဖိုးနည်းပါးသည့် ပစ္စည်းအချို့ခိုးယူသွားခဲ့ကြောင်း သိရသည်။ 

ကျူးလွန်သူကို ဖမ်း ဆီးရမိခြင်းမရှိသေးသော်လည်း CCTV မှတ် တမ်းအရ စီရော်နယ်လ်ဒို၏မိသားစုနှင့် သိကျွမ်းသူတစ်ဦးဖြစ်နိုင်ကြောင်း ပေါ်တူဂီမီဒီယာများက ခန့်မှန်းဖော်ပြမှုနေကြကြောင်း သိရသည်။ 

Most Read

Most Recent