လူငယ်များဖြင့် အသင်းကို တည်ဆောက်လိုသည့် အင်းနရစ်၏ဆန္ဒကြောင့် ၀ါရင့်ကစားသမား အချို့၏ လက်ရွေးစင်အနာဂတ် မသေချာတော့ကြောင်း Marca ဖော်ပြ

လူငယ်များဖြင့် အသင်းကို တည်ဆောက်လိုသည့် အင်းနရစ်၏ဆန္ဒကြောင့် ၀ါရင့်ကစားသမား အချို့၏ လက်ရွေးစင်အနာဂတ် မသေချာတော့ကြောင်း Marca ဖော်ပြ
Photos : Getty Images
Photos : Getty Images
Published 7 October 2020

စပိန်လက်ရွေးစင်အသင်းနည်း ပြဖြစ်သူ လူးဝစ်အင်းနရစ်သည် လက်ရွေးစင်အသင်းအား တည်ဆောက်ရာတွင် ခြေစွမ်းပြနေသည့် လူငယ်ကစားသမားများကို ရွေးချယ်ရန် ဆန္ဒရှိနေသောကြောင့် ၀ါရင့်ကစားသမားအချို့၏ လက်ရွေးစင်အနာဂတ်မှာ မသေချာတော့ကြောင်း စပိန်သတင်းစာ Marca က ဖော်ပြခဲ့သည်။

အင်းနရစ်သည်  ဆွစ်ဇာလန်၊ ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားမည့် UEFA Nations League ပွဲစဉ်များအတွက်  စပိန်လက်ရွေးစင်အသင်း၏ လူစာရင်းကို ထုတ်ပြန်ခဲ့ရာ ပါအူတောရက်စ်၊ အဲရစ်ဂါစီယာ၊ ရယ်ဂီလွန်၊ ဒါနီအော်လ်မို၊ မယ်ရီနို၊ အော်ယာဇာဘယ်လ်၊ အန်ဆူဖာတီ၊ ဖယ်ရန်တောရက်စ်နှင့် အဒါမာထရာအိုရေးတို့ကဲ့သို့ လက်ရွေးစင် အတွေအကြုံနည်းပါးသည့် လူငယ်ကစားသမားများကို အဓိကထားရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Marca ၏ ဖော်ပြချက်အရ အင်းနရစ်အနေဖြင့် လူငယ်များနှင့်သာ အသင်းကိုတည်ဆောက်သွားလိုနေပြီး ယခုရွေးချယ်မှုအရ လက်ရွေးစင်အတွေ့အကြုံများပြားသော်လည်း လက်ရှိတွင် ပုံမှန်ခြေစွမ်းပြနိုင်ရန် ရုန်းကန်နေရသည့် ၀ါရင့်ကစားသမားများအတွက် စိုးရိမ်စရာဖြစ်ကြောင်း ပါရှိခဲ့သည်။ ယင်းဝါရင့်ကစားသမားစာရင်းထဲတွင် အယ်လ်ဘာ၊ အီနီဂိုမာတီနက်ဇ်၊ အစ္စကို၊ ကိုကေ၊ ဆာအူလ်၊ မိုရာတာနှင့် အက်စ်ပတ်စ်တို့ ပါဝင်နေကြောင်း သိရသည်။

Most Read

Most Recent