လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ်

လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ်
Published 5 October 2020
မြတ်သစ်

၁၉၆၀ စက်တင်ဘာ ၃၀ ရက် ညသန်း ခေါင်ယံအချိန်တွင် နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့တော်ရှိ မြင်းပြိုင်ကွင်းသည် ရုတ်တရက်ဆိုသလို လူထုစည်းဝေးပွဲ ကျင်းပသည့် ရင်ပြင်အဖြစ် ပြောင်းလဲသွားသည်။ ဗြိတိန်နိုင်ငံ ယူနီယံဂျက်အလံတော်နေရာတွင် အဖြူနှင့် အစိမ်း နိုင်ဂျီးရီးယား အလံရောက်လာသည်။ အောက်တိုဘာ ၁ ရက် ကူးပြောင်းချိန်တွင် ဗြိတိန်ကိုယ်စားပြု တက်ရောက် လာသော အဲလိဇဘက်ဘုရင်မ - ၂ သည် ဝန် ကြီးချုပ်သစ်ဖြစ်သူ အဗ္ဗူဘာကာဘာပါ၀ါ ဘာလီဂါကို နိုင်ဂျီးရီးယားနိုင်ငံ အခြေခံဥပဒေကို ပေးအပ်ခဲ့သည်။ ဤရက်သည် နိုင်ဂျီးရီးယားနိုင်ငံ ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရသောနေ့ဖြစ်သည်။

 

“နိုင်ငံတစ်ဝန်းလုံးမှာ လွတ်လပ်ရေး အောင်ပွဲသဘင် အခမ်းအနားတွေ ကျင်းပ ခဲ့ကြတယ်” ဟု အသက် ၉၃ နှစ်အရွယ်ရှိ တန်ကိုယာကာစီက ပြောပြသည်။ တန်ကိုသည် ထိုစဉ်က နိုင်ဂျီးရီးယားနိုင်ငံ၏ ဘုရင်ခံ ချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဂျိမ်းစ်ဝီလ်ဆင်ရောဘတ်ဆင်က တည်ခင်းသော ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။

“လူတွေရဲ့ မျှော်လင့်ချက်က အရမ်းကြီး ခဲ့တာပေါ့။ နိုင်ဂျီးရီးယားနိုင်ငံမှာရှိတဲ့  နိုင်ငံ ရေးသမားတွေက နိုင်ငံကို ပိုမိုကောင်းမွန် အောင် တို့တတွေ စွမ်းဆောင်နိုင်ကြမယ်လို့ လည်း ထင်ထားကြတယ်” ဟု တန်ကိုက အ တိတ်ကို ပြန်ပြောင်းပြောဆိုလိုက်သည်။

လွတ်လပ်ရေးရပြီး သုံးနှစ်အကြာတွင် နိုင်ဂျီးရီးယားနိုင်ငံကို သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့သည်။ အင်နမ်ဒီအေစီကီဝီ သမ္မတဖြစ်လာသည်။ ရေနံသိုက်ကို ၁၉၅၆ ခုနှစ်တွင် ရှာဖွေတွေ့ရှိပြီးသည့်နောက်တွင် မိမိတို့အနေဖြင့် ချမ်းသာကြွယ်ဝမှုကို ရရှိတော့မည်ဟု ပြည်သူများ ဝမ်းပန်းတသာ မျှော်လင့်ခဲ့ကြသည်။

“ကျွန်တော်တို့ ဘိုးဘွားတွေ ပြောခဲ့တဲ့ စကားတွေရှိတယ်။ သူတို့ခေတ်တုန်းက စား ဝတ်နေရေး ချောင်လည်ကြတယ်တဲ့” ဟု အသက် သုံးဆယ်အရွယ်ရှိ ဟမ်စက်လာဝါ က အေအက်ဖ်ပီ သတင်းထောက်ကို ပြောပြ သည်။ မိမိဘိုးဘွားများခေတ်က ယနေ့ခေတ် လို ခေတ်ဆိုးခေတ်ကျပ် မဟုတ်ကြောင်း၊ လူ များ စားဝတ်နေရေး ပြေလည်ပြီး အလုပ် အကိုင်များလည်း ပေါကြောင်း၊ သူတို့ သက် သောင့်သက်သာ နေနိုင်ခဲ့ကြကြောင်း ဟမ်ဇက်က ဖြည့်စွက်ပြောကြားလိုက်သည်။

လွတ်လပ်ရေးရပြီး ခြောက်နှစ်အကြာ တွင် တိုင်းပြည်စစ်အခြေအနေက ဆိုးရွား သည်။ ပျားရည်ဆမ်းကာလ၏ ပျော်ရွှင် ကြည်နူးမှုများ ပျောက်ဆုံးခဲ့ပြီဖြစ်သည်။ စစ် တပ်က အာဏာသိမ်းပြီးသည့်နောက် သမ္မတ ဘာလီဂါ သတ်ဖြတ်မှုခံရသည်။ ထို့နောက် ပြည်တွင်းစစ်ဒဏ် သုံးနှစ်ခံရပြီး လူတစ်သန်းကျော် အသက်သေဆုံးခဲ့ရသည်။ ပြည်တွင်း စစ်ပြီးဆုံးသည့်တိုင် နိုင်ဂျီးရီးယားနိုင်ငံ၏ နိုင်ငံရေးက လုံးဝ မတည်ငြိမ်။ ဆယ်စုနှစ် သုံးခုစာ အာဏာသိမ်းပွဲများ ဖြစ်ပွားခဲ့သည်။  အာဏာသိမ်းပွဲနှင့်အတူ စစ်အာဏာရှင် စနစ်က ထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။

အောက်တိုဘာ ၁ ရက် လွတ်လပ်ရေး အခမ်းအနားအတွင်း အဘူဂျာမြို့ရှိ အီးဂဲလ်ရင်ပြင်၌ နိုင်ဂျီးရီးယားအစောင့်တပ်ရင်း ချီတက်နေစဉ်

၁၉၇၉ ခုနှစ်တွင် ဒီမိုကရေစီနည်းလမ်း နှင့်အညီ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နိုင်ဂျီး  ရီးယားနိုင်ငံ၏ သမ္မတ ရှီရှရှာဂါရီ ဖြစ်လာခဲ့ သည်။ သူသည် ဒီမိုကရေစီနည်းလမ်းနှင့် အညီ ရွေးကောက်ခံရသော နိုင်ဂျီးရီးယား နိုင်ငံ သမ္မတအဖြစ် သမိုင်းမှတ်တမ်းရေးထိုး နိုင်ခဲ့သည်။ သူ့လက်ထက်တွင် ဒုတိယ မြောက် နိုင်ဂျီးရီးယားသမ္မတနိုင်ငံကို တည် ဆောက်နိုင်ခဲ့ပြီး ၁၉၈၃ တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရပြီး သမ္မတ သက်တမ်း ဒုတိယအကြိမ် ထမ်းဆောင်ခွင့် ရခဲ့သည်။ သို့သော် ၁၉၈၃ ဒီဇင်ဘာတွင် စစ် တပ်က အာဏာသိမ်းယူပြီး သမ္မတ ရှာဂါရီ ကို ရာထူးမှ ဖယ်ရှားပစ်လိုက်သည်။ သမ္မတ ရှာဂါရီ လက်ထက်တွင် အစိုးရအဖွဲ့တွင် ပါဝင်ခဲ့သူ ယာဆာကီက နိုင်ဂျီးရီးယား စစ် တပ်ထဲ၌ ပုဂ္ဂိုလ်ရေးအရ သဘောထားကွဲ လွဲမှုမှုများရှိခဲ့သလို အာဏာသိမ်းယူမှုများ၊ တန်ပြန်အာဏာသိမ်းယူမှုများ ဖြစ်ခဲ့ကြောင်း၊ စစ်တပ်က အာဏာသိမ်းယူမှုများ မကြာခဏ ပြုလုပ်နေမှုကြောင့် တိုင်းပြည်များစွာ ထိခိုက် နစ်နာမှုရှိခဲ့ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်မှု ဆုတ်ယုတ်ကာ စီးပွားရေးကျဆင်းမှု များ ရင်ဆိုင်ခဲ့ရကြောင်း ယာဆာကီက ပြော ကြားလိုက်သည်။

၁၉၉၉ ခုနှစ်တွင် အရပ်သားအစိုးရ အုပ်ချုပ်ရေးပြန်စနိုင်ပြီဆိုသော်လည်း အရပ် သားအစိုးရစစ်စစ် မဟုတ်ခဲ့ပေ။ စစ်အာ ဏာရှင် ဗိုလ်ချုပ် ဆာနီအေဘာချာ ၁၉၉၈ တွင် ကွယ်လွန်ပြီးနောက် ဗိုလ်ချုပ် အဗ္ဗဒူ ဆာလာမီအဘူကာဘာ တက်လာသည်။ သူ က ပိတ်ထားသော နိုင်ငံရေးပါတီများကို ပြန်ဖွင့်ခွင့်ပေးသည်။ ထိန်းသိမ်းခံထားရသော နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးသည်။ ၁၉၉၉ တွင် ကျင်းပသော ရွေးကောက်ပွဲတွင် စစ်ဗိုလ်ချုပ်ဟောင်း ပိုလူဆီဂန်အိုဘာဆန် ဂျို ၏ ပြည်သူ့ဒီမိုကရက်တစ်ပါတီ PDP  အ နိုင်ရပြီး အိုဘာဆန်ဂျို သမ္မတ ဖြစ်လာသည်။

၂၀၀၇ ဧပြီတွင် ကျင်းပသော ရွေး ကောက်ပွဲတွင် အိုဘာဆန်ဂျို၏ပါတီ အနိုင် ရပြီး သူ သမ္မတပြန်ဖြစ်ခဲ့သည်။ သို့သော် မေ ၂၀ ရက်တွင် အိုဘာဆန်ဂျို ကွယ်လွန်သွားသဖြင့် ဂွတ်လပ်ဂျော်နသန် ယာယီသမ္မတ ဖြစ်လာခဲ့သည်။ ၂၀၁၁ ဧပြီတွင် ကျင်းပသော ရွေးကောက်ပွဲတွင် ဂွတ်လပ်ဂျော်နသန် အ နိုင်ရပြီး သမ္မတ ဖြစ်လာခဲ့သည်။ သို့သော် ၂၀၁၅ မတ်တွင် ကျင်းပသော ရွေးကောက်ပွဲတွင် နိုင်ဂျီးရီးယားစစ်တပ်မှ ဗိုလ်ချုပ် ဟောင်းလည်းဖြစ်၊ စစ်တပ်၏ အာဏာသိမ်း မှုတွင် ပါဝင်ခဲ့ပြီး ၁၉၈၃ မှ ၁၉၈၅ ထိ နိုင်ငံ ခေါင်းဆောင်လုပ်ခဲ့သူလည်းဖြစ်သူ မူဟာ မာဒူဘူဟာရီ နိုင်ပြီး သမ္မတ ဖြစ်လာသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ရေနံစိမ်း ထုတ်လုပ်ရောင်းချရာတွင် ကမ္ဘာ့အဋ္ဌမအ ဆင့်နေရာမှာ ရှိနေသည်။ နိုင်ငံရေးခေါင်း ဆောင်များနှင့် အစိုးရ အရာရှိကြီးများသည် ရေနံရောင်းချရာမှ ရသည့် ငွေကြေးများကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုနေကြ ကြောင်း အတိုက်အခံများက စွပ်စွဲကြသည်။

နိုင်ဂျီးရီးယားနိုင်ငံသည် ယဉ်ကျေးမှု နှင့် အနုပညာကဏ္ဍတွင် အာဖရိကတိုက်၏ ရှေ့ဆောင်ဟုပင် ဆိုနိုင်သည်။ ရုပ်ရှင်လုပ် ငန်း ဖွံ့ဖြိုးတိုးတက်နေသလို တေးဂီတမှာ လည်း နိုင်ငံတကာသို့ ထိုးဖောက်နိုင်သည့် အနေအထားမှာ ရှိနေသည်။

သို့သော် မီယာနာအခြေစိုက် ကမ္ဘာ့ ဆင်းရဲမွဲတေမှုနာရီဟု အမည်ရသော သုတေ သနအဖွဲ့၏ ထုတ်ပြန်ချက်အရ နိုင်ဂျီးရီး ယားနိုင်ငံသည် ဆင်းရဲမွဲတေမှု အမြင့်မားဆုံး နိုင်ငံတစ်နိုင်ငံထဲတွင် ပါဝင်နေသည်။ တိုင်း ပြည်ဆင်းရဲမွဲတေနေရခြင်းမှာ နိုင်ငံရေး သမားများ၏ စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ အုပ် ချုပ်မှု ညံ့ဖျင်းမှုနှင့် အကျင့်ပျက်ခြစားမှုတို့ ကြောင့် ဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံတွင် အကျင့်ပျက်ခြစားမှုကြောင့် နိုင်ငံဘဏ္ဍာ ဒေါ်လာ သန်း ၄၀၀ ခန့် ဆုံးရှုံးနေသည်။

“ဒီလို အခြေအနေကို ကျွန်တော်တို့ လူ ငယ်တွေ သည်းမခံနိုင်တော့ပါဘူး” ဟု Foll the Money အမည်ရှိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ  လာဝါက ပြောကြားလိုက်သည်။

အသက် ၇၇ နှစ်ရှိပြီဖြစ်သော သမ္မတ ဘူဟာရီက အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်မည်ဟူသည့် ရွေးကောက် ပွဲကတိကဝတ်ကို လက်တွေ့အကောင်အ ထည်ဖော်နိုင်ခြင်း လုံးဝ မရှိပေ။ ရေနံစျေး နှုန်း ကျဆင်းမှု၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ် ပွားမှုတို့ကြောင့် ပြည်သူတို့၏ ဘဝသည်  အဆိုးရွားဆုံး အခြေအနေရောက်နေသည်။ ထို့ပြင် နိုင်ငံအရှေ့မြောက်တွင် ဂျီဟတ် လက်နက်ကိုင်များကြောင့် ဆယ်နှစ်အတွင်း လူ သုံးသောင်းခြောက်ထောင်ကျော် အ သက်သေဆုံးခဲ့ပြီး လူ ၂ ဒသမ ၄ သန်း အိုးမဲ့ အိမ်မဲ့ ဘဝရောက်နေသည်။

လူငယ်များကတော့ တရားမျှတမှုနှင့် လူသားတစ်ယောက်၏ ဂုဏ်သိက္ခာရှိမှုကို ဖော်ဆောင်နိုင်သည့် အစိုးရတစ်ရပ်ကို လို လားနေကြသည်။

 

Most Read

Most Recent