ကပ်ဘေးကြောင့် အသင်း၏ဘဏ္ဍာရေးကျပ်တည်းမှုကို ကူညီရန်အတွက် ချန်ပီယံဆုများကြောင့်ရရှိမည့် အပိုဆုကြေးများကို ရီးယဲလ်အသင်းသားများ စွန့်လွှတ်

ကပ်ဘေးကြောင့် အသင်း၏ဘဏ္ဍာရေးကျပ်တည်းမှုကို ကူညီရန်အတွက် ချန်ပီယံဆုများကြောင့်ရရှိမည့် အပိုဆုကြေးများကို ရီးယဲလ်အသင်းသားများ စွန့်လွှတ်
Published 24 September 2020

ရီးယဲလ်အသင်း၏ ပထမအသင်းစာရင်းဝင် ကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ ဘဏ္ဍာရေးကျပ်တည်းမှုကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရီးယဲလ်မက်ဒရစ်အသင်းသားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ ဘဏ္ဍာရေးကျပ်တည်းမှုကို ကူညီနိုင်ရန်အတွက် ချန်ပီယံဆုများ ဆွတ်ခူးခဲ့ခြင်းကြောင့်ရရှိမည့် အပိုဆုကြေးများကို စွန့်လွှတ်ခဲ့ကြကြောင်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။ 

ရီးယဲလ်မက်ဒရစ်အသင်းသည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် စပိန်စူပါဖလားနှင့် လာလီဂါချန်ပီယံဆုများကို ရယူနိုင်ခဲ့သည်။ ထို့ကြောင့် ရီးယဲလ်ကစားသမားများအနေဖြင့် လာလီဂါချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းအတွက် ယူရို (၇၀၀၀၀၀) နှင့် စပိန်စူပါဖလား ဆွတ်ခူးခဲ့ခြင်းအတွက် ယူရို (၂၀၀၀၀၀) အပိုဆုကြေးရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ 

သို့သော် ရီးယဲလ်အသင်း၏ ပထမအသင်းစာရင်းဝင် ကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အသင်း၏ ဘဏ္ဍာရေးကျပ်တည်းမှုကို တစ်ဖက်တစ်လမ်းက ကူညီနိုင်ရန်အတွက် ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် ရီးယဲလ်အသင်းသည် အသင်းကစားသမားများကို အပိုဆုကြေးပေးချေရမည့် ယူရိုသန်း (၃၀)အထိ သက်သာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

ရီးယဲလ်ကစားသမားများသည် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်း ၎င်းင်းတို့လစာ၏ (၁၀) ရာခိုင်နှုန်းကိုလျှော့ယူရန် သဘောတူထားကြောင်းလည်း သိရသည်။ 

ရီးယဲလ်အသင်းအနေဖြင့် ထိပ်တန်းတာဝန်ရှိသူများ၊ အကယ်ဒမီကစားသမားများ နှင့် ဘက်စကတ်ဘောအသင်းမှ ကစားသမားများကို လစာလျှော့ထားသည့်အတွက် တစ်ရာသီ ယူရိုသန်း(၅၀)အထိ လစာပေးချေရမှုလျော့ကျခဲ့သလို၊ ဟာမီးစ်ရိုဒရီဂွက်ဇ်နှင့် ဘေးလ်တို့ ထွက်ခွာခဲ့သဖြင့် လစာပေးချေရမှု ပိုမိုလျော့ကျသွားမည်ဖြစ်သည်။ 

Most Read

Most Recent