နောက်ခံလူ ဟီမင်နက်ဇ်အတွက် မန်စီးတီးထံမှ ပေါင်(၇၈)သန်းတန် ကမ်းလှမ်းမှုရရှိဟု အက်သလက်တီကိုဥက္ကဋ္ဌ အတည်ပြု

နောက်ခံလူ ဟီမင်နက်ဇ်အတွက် မန်စီးတီးထံမှ ပေါင်(၇၈)သန်းတန် ကမ်းလှမ်းမှုရရှိဟု အက်သလက်တီကိုဥက္ကဋ္ဌ အတည်ပြု
Published 24 September 2020

မန်စီးတီးအသင်းသည် ထိပ်တန်းဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူရန် စျေးကွက်ထဲ ရှာဖွေနေပြီး နာပိုလီနောက်ခံလူ ကူလီဘလီအား ကြိုးစားမှု အဆင်မပြေဖြစ်ပြီးနောက် ဟီမင်နက်ဇ်အား ပစ်မှတ်ထားလာခြင်းဖြစ်သည်။ 

အက်သလက်တီကိုမက်ဒရစ်ဥက္ကဋ္ဌ အင်းနရစ်စီရီဇီုက မန်စီးတီးအသင်းသည် အသင်း၏အဓိကနောက်ခံလူ ဟီမင်နက်ဇ်ကို ပေါင်(၇၈)သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ထိပ်တန်းဗဟိုနောက်ခံလူတစ်ဦး ခေါ်ယူရန် စျေးကွက်ထဲ ရှာဖွေနေပြီး နာပိုလီနောက်ခံလူ ကူလီဘလီအား ကြိုးစားမှု အဆင်မပြေဖြစ်ပြီးနောက် ဟီမင်နက်ဇ်အား ပစ်မှတ်ထားလာခြင်းဖြစ်သည်။ 

အက်သလက်တီကိုအသင်းသည် အသက်(၂၅)နှစ်အရွယ် ဥရုဂွေးလက်ရွေးစင်ကြယ်ပွင့်အား အသင်းတွင် ဆက်လက်ထိန်းထားမည်ဖြစ်ပြီး မန်စီးတီးအသင်း၏ ကမ်းလှမ်းမှုကို ပယ်ချထားကြောင်း သိရသည်။ 

စီရီဇိုက ''ကျွန်တော်တို့  မန်စီးတီးထံက (ပေါင် ၇၈ သန်းတန်) ကမ်းလှမ်းမှု ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ဟီမင်နက်ဇ်က အံ့ချီးလောက်တဲ့ ကစားသမားဖြစ်ပြီး အသင်းက ဒီလိုကစားသမားတွေကို ဆက်ထိန်းထားဖို့ အလိုရှိပါတယ်''ဟု El Transistor Podcast အစီအစဉ်တွင်ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်း၏ ယင်းလှုပ်ရှားမှုအား တောင်အမေရိကဘောလုံးကျွမ်းကျင်သူ တင်မ်ဗီကာရီက ''သူက ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးဖြစ်ပြီး ငယ်လည်း ငယ်ပါသေးတယ်။ ကလေးမျက်နှာနဲ့ လူသတ်သမားလိုပါပဲ။ ငယ်သေးပေမယ့် ကမ္ဘာ့ဖလား(၂)ခု ကစားခဲ့ပြီးသွားပြီ။ သူက မာကျောသလို ကောင်းကောင်းလည်း ကစားနိုင်တဲ့သူ ဖြစ်ပါတယ်။ မန်စီးတီးအတွက် ငွေကြေးတွေ အများကြီး ကုန်ကျနိုင်ပေမယ့် သူ့လောက် အသက်နဲ့ သူ့လို ကောင်းတဲ့ နောက်ခံလူ များများစားစား မရှိပါဘူး''ဟု Sky Sports တွင် သုံးသပ်ခဲ့သည်။

ဟီမင်နက်ဇ်သည် အက်သလက်တီကိုအသင်းသို့ ၂၀၁၃ ခုနှစ်က ပြောင်းရွှေ့လာပြီးနောက် အသင်းတွင် အားထားရသည့် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်သည်။ 

ဟီမင်နက်ဇ်သည် ပြီးခဲ့သည့်တနင်္လာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း အက်သလက်တီကိုအသင်းက အတည်ပြုထုတ်ပြန်ထားသည်။

Most Read

Most Recent