မိမိတို့၏ လူစာရင်းမှာ ပဟေဠိသဖွယ် ဖြစ်နေသည်ဟု မော်ရင်ဟို ဝန်ခံ

မိမိတို့၏ လူစာရင်းမှာ ပဟေဠိသဖွယ် ဖြစ်နေသည်ဟု မော်ရင်ဟို ဝန်ခံ
Photos : Getty Images
Photos : Getty Images
Published 23 September 2020

စပါးအသင်းသည် ဂါရတ်ဘေးလ်အား ခေါ်ယူခဲ့ပြီးနောက် အယ်လီကို ရောင်းချရန် ဝယ်လက်ကို ရှာဖွေနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

စပါးနည်းပြ မော်ရင်ဟိုက ဒယ်လီအယ်လီ၏ အနာဂတ်နှင့်ပတ်သက်သည့် မေးခွန်းများကို မပြတ်မသား ဖြေဆိုသွားခဲ့ပြီး မိမိတို့၏လူစာရင်းမှာ ပဟေဠိသဖွယ်ဖြစ်နေသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

စပါးအသင်းသည် ဂါရတ်ဘေးလ်အား ခေါ်ယူခဲ့ပြီးနောက် အယ်လီကို ရောင်းချရန် ဝယ်လက်ကို ရှာဖွေနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

မော်ရင်ဟိုက "ကျွန်တော် ဟန်ချက်ညီတဲ့ လူစာရင်း လိုချင်တယ်။ အယ်လီက ဒီဟန်ချက်ညီမှုထဲမှာ ရှိနိုင်မလားလို့ မေးရင် Yes ပါ။ သူက စတေးခံဖို့ လိုသလားလို့မေးရင်တော့ No ပါ။ ဒါပေမဲ့ လူစာရင်းက ပဟေဠိတော့ဖြစ်နေတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent