ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲဆက်တိုက်အနိုင်ရရှိသည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီး မှတ်တမ်းဝင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သည်ဟု ဂွါဒီယိုလာပြောကြား

ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲဆက်တိုက်အနိုင်ရရှိသည့် ပထမဆုံးအသင်းအဖြစ် မန်စီးတီး မှတ်တမ်းဝင်ခဲ့ပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့သည်ဟု ဂွါဒီယိုလာပြောကြား
Photos : Getty Images & AFP
Photos : Getty Images & AFP
Published 23 September 2020

"အသင်းရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါပဲ။ ဒီပွဲက ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ခါတစ်ရံမှာ အဖွင့်ကောင်းဖို့လိုပြီး တစ်ခါတစ်ရံမှာတော့ အကောင်းဆုံးအခြေအနေကို အချိန်များများဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာ အစကောင်းခဲ့ပါတယ်။ ယေဘုယျအားဖြင့်လည်း ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်" ဟု မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်စီးတီးအသင်းသည် စက်တင်ဘာလ ၂၁ ရက်က ကစားခဲ့သည့်ပွဲတွင် ဝုလ်ဗ်အသင်းအား အဝေးကွင်း၌ (၃-၁)ဂိုးဖြင့် အနိုင်ရပြီးနောက်  ရာသီအဖွင့် ၁၀ ပွဲဆက်တိုက် အနိုင်ရသည့် ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်း သိရသည်။ 

ယင်းပွဲတွင် မန်စီးတီးအသင်းအတွက် ဂိုးများကို ဒီဘရိုင်းနား(၂၀ မိနစ် Pen)၊ ဖိုဒန် (၃၂ မိနစ်)၊ ဂျေးဇူး(၉၅ မိနစ်)တို့က သွင်းယူခဲ့ပြီး ဝုလ်ဗ်အသင်း၏ ဂိုးတစ်ဂိုးကို တိုက်စစ်မှူး ဟီမင်နက်ဇ်က ခေါင်းတိုက်ပြန်သွင်းခဲ့သည်။ 

"အသင်းရဲ့ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါပဲ။ ဒီပွဲက ဘယ်လောက်ခက်ခဲသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ တစ်ခါတစ်ရံမှာ အဖွင့်ကောင်းဖို့လိုပြီး တစ်ခါတစ်ရံမှာတော့ အကောင်းဆုံးအခြေအနေကို အချိန်များများဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာ အစကောင်းခဲ့ပါတယ်။ ယေဘုယျအားဖြင့်လည်း ကျွန်တော်တို့ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်" ဟု မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းအနေဖြင့် ယင်းပွဲအနိုင်ရလဒ်မှာ ၂၀၁၉ သြဂုတ်လနောက်ပိုင်း (ယင်းကာလက ၁၅ ပွဲဆက်တိုက်အနိုင်ရဖူး)ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်ပွဲ ခြောက် ပွဲဆက်တိုက် အနိုင်ရခဲ့ခြင်းလည်းဖြစ်သည်။  ထို့ပြင် မန်စီးတီးအသင်းမှာ ၂၀၂၀ ခုနှစ်အ တွင်း ပရီးမီးယားလိဂ်တွင် ပယ်နယ်တီအကြိမ် အများဆုံးရရှိသည့်အသင်းအဖြစ် ရှစ်ကြိမ် အထိ ရခဲ့ပြီး လေးဂိုး သွင်းယူခဲ့သည်။ 

ဒီဘရိုင်းနားမှာမူ ပြီးခဲ့သည့်ရာသီအစကတည်းက ပရီးမီးယားလိဂ်တွင် ဂိုးပါဝင်ပတ်သက်မှုအများဆုံးအဖြစ် ၃၅ ဂိုး အထိရှိခဲ့သည်။

Most Read

Most Recent