အင်တာမီလန်အသင်းတွင် လော်တာရိုမာတီနက်ဇ် ဆက်ရှိမည်ဟု အေးဂျင့် အတည်ပြု

အင်တာမီလန်အသင်းတွင် လော်တာရိုမာတီနက်ဇ် ဆက်ရှိမည်ဟု အေးဂျင့် အတည်ပြု
Photo: Getty Images
Photo: Getty Images
Published 16 September 2020

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် လက်ရှိကလပ် အင်တာမီလန်အသင်း၌သာ ဆက်လက်ကစားသွားမည်ဟု အေးဂျင့်ဖြစ်သူ ကားလို့စ်ဘက်တိုယာကေးက အတည်ပြုပြောကြားသည်။

အသက် (၂၃)နှစ်အရွယ်ရှိ လော်တာရိုမာတီနက်ဇ်သည် ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သူဖြစ်သည်။

သို့သော် ယာကေးက လော်တာရိုမာတီနက်ဇ်အား ခေါ်ယူရန် စပိန်ထိပ်သီးကလပ်အသင်းများက ချိတ်ဆက်ခြင်းမရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ဒါတွေက လောကမှာဖြစ်နေကျတစ်ခုပါ။ ရီးယဲလ်၊ ဘာစီလိုနာအသင်းတွေနဲ့ ဘာချိတ်ဆက်မှုမှ မရှိပါဘူး။ လော်တာရိုက အင်တာမီလန်အသင်းမှာပဲ ဆက်ရှိမှာပါ"ဟု ယာကေးက Tuttomercatoweb သို့ ပြောကြားခဲ့သည်။

လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းနှင့် စာချုပ်လျော်ကြေး ယူရို (၁၁၁)သန်းမှာ ပြီးခဲ့သည့်ဇူလိုင်လက သက်တမ်းကုန်ခဲ့ပြီး စာချုပ်သက်တမ်းမှာမူ ()နှစ် ကျန်ရှိနေသေးသည်။

အသက် (၂၃)နှစ်အရွယ်ရှိ လော်တာရိုမာတီနက်ဇ်သည် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီက အင်တာမီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၄၉)ပွဲတွင် (၂၁)ဂိုး သွင်းယူခဲ့သည်။

 

Most Read

Most Recent