သွင်းဂိုး(၃)ဂိုး၊ အဝေးကွင်းနိုင်ပွဲနဲ့ တာထွက်လှခဲ့တဲ့ ချယ်လ်ဆီး

သွင်းဂိုး(၃)ဂိုး၊ အဝေးကွင်းနိုင်ပွဲနဲ့ တာထွက်လှခဲ့တဲ့ ချယ်လ်ဆီး
Photos: AFP & Getty Images
Photos: AFP & Getty Images
Published 15 September 2020

ဘရိုက်တန် ၁-၃ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက အဝေးကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့ပေမယ့် ခံစစ်ပိုင်းကတော့ အရင်လို ဟာကွက်တွေ များနေဆဲ၊ ဂိုးသမား ကယ်ပါက စိတ်မချရတဲ့ အနေအထားမှာ ရှိနေဆဲပါပဲ။

လမ်းပတ်က ကစားသမားသစ်နှစ်ဦးဖြစ်တဲ့ တီမိုဗာနာနဲ့ ဟာဗက်ဇ်တို့ကို ပွဲထွက်စေခဲ့ပြီး ဗာနာက အဖွင့်ဂိုးအတွက် ပယ်နယ်တီရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ဟာဗက်ဇ်ကတော့ အလွဲလွဲအမှားမှားနဲ့ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး။

မေဆန်မောင့်နဲ့ လော့ဖ်တပ်စ်ချိခ်တို့ကလည်း ခြေမပေါ်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်ပိုင်းကလည်း ဖိကစားနိုင်ပေမယ့် ထိရောက်မှု သိပ်မရှိခဲ့ပါဘူး။ မထင်မှတ်တဲ့ ကစားသမားတွေရဲ့ သွင်းဂိုးတွေကြောင့်သာ အခုလို ဂိုးပြတ်နိုင်ပွဲရယူ နိုင်ခဲ့တာပါ။

ချယ်လ်ဆီးအတွက် အဖွင့်ဂိုးကို ဗာနာကြောင့်ရတဲ့ ပယ်နယ်တီကနေ (၂၃)မိနစ်မှာ ဂျော်ဂျင်ဟိုက ကန်သွင်းယူခဲ့ပြီး (၅၄)မိနစ်မှာ ထရိုဆက်ဒ်က ချေပဂိုး ပြန်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ (၂)မိနစ်အကြာမှာပဲ ရီးစ်ဂျိမ်းစ်က အဝေးကန်ချက်နဲ့ ဒုတိယဂိုးသွင်းယူနိုင်ခဲ့ တာကြောင့် ချယ်လ်ဆီးအသင်း ဖိအားလျော့ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တတိယဂိုးကတော့ (၆၆)မိနစ်မှာ ဇူးမားရဲ့ကန်ချက် ဘရိုက်တန်နောက်ခံလူ ဝက်ဘ်စတားနဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာပါ။ ဒီပွဲရလဒ်က ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရမှတ်(၂၀၀၀)ပြည့်တဲ့ တတိယမြောက်အသင်းအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

အခြားပွဲရလဒ်

ရှက်ဖီးယူနိုက်တက် ဝ-၂ ဝုလ်ဗ်

Most Read

Most Recent