ပရီးမီးယားလိဂ်ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်(၁) ပွဲကြိုသုံးသပ်ချက်
Published 15 September 2020

ချယ်လ်ဆီးက တိုက်စစ်ပိုင်းကို လူငယ်ကြယ်ပွင့်တွေနဲ့ အားဖြည့်ခဲ့ပြီး ဒီရာသီမှာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်။ ဒါပေမဲ့ အားနည်းတဲ့ ခံစစ်ပိုင်းက သီယာဂိုဆေးလ်ဗား တစ်ဦးကို ခေါ်လိုက်ရုံနဲ့ လုံလောက်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ အားသာချက်က ဇီယာ့ရှ်၊ ဟာဗက်ဇ်တို့လို ကစားသမားတွေရှိနေခြင်းက ကွန်တေကို နေရာမှန် ပြန်ပို့ဖို့အတွက် ဦးတည်စေပြီး ကွန်တေနဲ့ဆိုရင် ခံစစ်ကိုပိုပြီး Covering လုပ်ပေးနိုင်လိမ့်မယ်။

ဘရိုက်တန် နှင့် ချယ်လ်ဆီး (အင်္ဂါနံနက် ၁း၄၅ နာရီ)



ချယ်လ်ဆီးက တိုက်စစ်ပိုင်းကို လူငယ်ကြယ်ပွင့်တွေနဲ့ အားဖြည့်ခဲ့ပြီး ဒီရာသီမှာ စောင့်ကြည့်ရမယ့် အနေအထားဖြစ်တယ်။ ဒါပေမဲ့ အားနည်းတဲ့ ခံစစ်ပိုင်းက သီယာဂိုဆေးလ်ဗား တစ်ဦးကို ခေါ်လိုက်ရုံနဲ့ လုံလောက်ပါ့မလားဆိုတာ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ အားသာချက်က ဇီယာ့ရှ်၊ ဟာဗက်ဇ်တို့လို ကစားသမားတွေရှိနေခြင်းက ကွန်တေကို နေရာမှန် ပြန်ပို့ဖို့အတွက် ဦးတည်စေပြီး ကွန်တေနဲ့ဆိုရင် ခံစစ်ကိုပိုပြီး Covering လုပ်ပေးနိုင်လိမ့်မယ်။ ဒါကြောင့် ချယ်လ်ဆီးခံစစ်က အတိုင်းအတာတစ်ခုအထိ တိုးတက်လာတာကို မြင်ရလိမ့်မယ်။ ဒီနှစ်သင်းက ရာသီကြိုခြေစမ်းပွဲတုန်းက (၁-၁)ဂိုးစီသရေကျခဲ့ဖူးပြီး ဒီတစ်ကြိမ်ကတော့ ခြားနားတဲ့ စိတ်ခံစားချက်တွေ၊ တွန်းအားတွေနဲ့ ကစားမယ့်ပွဲပါ။ ဘရိုက်တန်အတွက် အရေးမကြီးဘူးလို့ မပြောချင်ပေမယ့် ချယ်လ်ဆီးအတွက် အဆပေါင်းများစွာ ပိုအရေးကြီးတယ်။ အဝေးကွင်းပြဿနာရှိတဲ့ အသင်းဆိုပေမယ့် ချယ်လ်ဆီးနိုင်ပွဲနဲ့ စတင်နိုင်လိမ့်မယ်ထင်တယ်။ 

ရှက်ဖီးယူနိုက်တက် နှင့် ဝုလ်ဗ်  (တနင်္လာည ၁၁း၃၀ နာရီ)



ပေါ်တူဂီစျေးကွက်ကို အရမ်းနိုင်နင်းတဲ့ ထိပ်တန်းအေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ ဦးဆောင် Run နေတဲ့ (၁၈)နှစ်သား ဖာဘီယိုဆေးလ်ဗားကို ယူရိုသန်း (၄၀)ပေးပြီး ဝုလ်ဗ် ခေါ်ခဲ့တယ်။ ခရက်စပိုစတိုင်နဲ့လူငယ်ကြယ်ပွင့်က ပေါ်တိုအသင်းကြီးမှာတောင် သိပ်မ ကစားရသေးသလို၊ ဝုလ်ဗ်လိုအသင်းမျိုးမှာ နေရာရပြီး၊ ပရီးမီးယားလိဂ်မှာ အံဝင်ပါ့မလားလည်း မသေချာဘူး။ ရှက်ဖီးက မနှစ်ကအတိုင်းဆိုမာကျောပါတယ်။ သရေကျနိုင်တယ်။ 

Most Read

Most Recent