အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်အတွင်းကျင်းပနိုင်ရန် MNL ကြိုးပမ်းနေပြီး အမျိုးသားပြိုင်ပွဲများအပြီးတွင် ကျင်းပနိုင်ရန် လျာထား

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်အတွင်းကျင်းပနိုင်ရန် MNL ကြိုးပမ်းနေပြီး အမျိုးသားပြိုင်ပွဲများအပြီးတွင် ကျင်းပနိုင်ရန် လျာထား
Photo: EMG
Photo: EMG
Published 13 September 2020

ယခင်က အမျိုးသမီးလိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က တာဝန်ယူကျင်းပခဲ့ပြီး ယခုနှစ်မှစ၍ မြန်မာနေရှင်နယ်လိဂ်က ပြောင်းလဲတာဝန်ယူကျင်းပမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည်  အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်လယ်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသမီးကလပ်အသင်းများအနက် သုံးသင်းနုတ်ထွက်မည်ဖြစ်ပြီး အသင်းသစ်အချို့ ထပ်တိုးလာမည်ဖြစ်သည်။ 

 

မြန်မာနေရှင်နယ်လိဂ် (MNL) သည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ယခုနှစ်အတွင်း ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေပြီး အမျိုးသားပြိုင်ပွဲများအပြီးတွင် ကျင်းပနိုင်ရန် လျာထားကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့က ကျင်းပခွင့်ရရန် တင်ပြထားသည့် ဘောလုံးပြိုင်ပွဲများအနက် ပြိုင်ပွဲတစ်ခုပြီးတစ်ခု ကျင်းပရန် ခွင့်ပြုပေးထားပြီး လက်ရှိကျင်းပနေသည့် MNL အမှတ်ပေး ပြိုင်ပွဲပြီးဆုံးပါက MNL-2 ပြိုင်ပွဲ ဆက်လက် ကျင်းပရန်ဆောင်ရွက်လျက်ရှိသည်။ 

"အမျိုးသမီးလိဂ်ပြိုင်ပွဲက ကျွန်တော်တို့ ဒီနှစ်ထဲ ကျင်းပဖို့ လျာထားတဲ့ ပြိုင်ပွဲတွေထဲမှာပါဝင်ပါတယ်။ ပြိုင်ပွဲတွေကို တစ်ခုပြီးမှတစ်ခု ကျင်းပရမှာဖြစ်တာကြောင့် MNL ပြိုင်ပွဲပြီး ရင် MNL-2 ပြိုင်ပွဲ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။ အမျိုးသားပြိုင်ပွဲတွေပြီးရင် အမျိုးသမီးလိဂ်ပြိုင်ပွဲ ကျင်းပဖို့ လျာထားပါတယ်။ လက်ရှိအနေအထားအရ ဘယ်တော့ကျင်းပမလဲဆိုတာ ပြောဖို့ခက်ပေမဲ့ ကျင်းပဖို့ လျာထားတဲ့ပြိုင်ပွဲတွေထဲမှာ အမျိုးသမီးလိဂ်ပြိုင်ပွဲလည်း ပါဝင်ပါတယ်" ဟု မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ပြောကြားခဲ့သည်။

ယခင်က အမျိုးသမီးလိဂ်ပြိုင်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က တာဝန်ယူကျင်းပခဲ့ပြီး ယခုနှစ်မှစ၍ မြန်မာနေရှင်နယ်လိဂ်က ပြောင်းလဲတာဝန်ယူကျင်းပမည် ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်သည်  အမျိုးသမီးလိဂ်ပြိုင်ပွဲကို နှစ်လယ်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသမီးကလပ်အသင်းများအနက် သုံးသင်းနုတ်ထွက်မည်ဖြစ်ပြီး အသင်းသစ်အချို့ ထပ်တိုးလာမည်ဖြစ်သည်။ 

ထို့ပြင် နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အတွေ့အကြုံရစေရန်အတွက် လိဂ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်စေရန် စီစဉ်ထားကြောင်း သိရသည်။ ပြိုင်ပွဲကျင်းပမည့်ရက် အတည်ပြု ပြီးပါက MNL အနေဖြင့် ပြိုင်ပွဲဝင်အသင်း များကို ထပ်မံအတည်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲကို ၂၀၁၆ နှစ်ကုန်ပိုင်းတွင် စတင်ကျင်းပခဲ့ပြီး သုံးရာသီကျင်းပပြီးစီးထားကာ ယခုနှစ်တွင် လေးရာသီမြောက် ကျင်းပမည်ဖြစ်သည်။ ပြီးခဲ့သည့်သုံးကြိမ်တွင် မြဝတီအသင်းက နှစ်ကြိမ်နှင့် အား/ကာသိပ္ပံ အသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။ MFF သည် အမျိုးသမီးလိဂ်ပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ပံ့ပိုးမှုဖြင့် ကျင်းပနေခြင်းဖြစ်ပြီး FIFA သည် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားသည့်ကာလတွင် အမျိုးသမီးဘောလုံး လောကအတွက် အဖွဲ့ဝင်နိုင်ငံအားလုံးကို ထောက်ပံ့ကြေးများ ပေးအပ်ရန် စီစဉ်ထားသည်။

Most Read

Most Recent