၂၀၂၀-၂၁ ရာသီ လာလီဂါတွင် ကစားသမား(၅)ဦး လူစားလဲခွင့်ရရှိ

၂၀၂၀-၂၁ ရာသီ လာလီဂါတွင် ကစားသမား(၅)ဦး လူစားလဲခွင့်ရရှိ
Photo: Getty Images
Photo: Getty Images
Published 15 September 2020

စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) နှင့် လာလီဂါ(LFP) တို့သည် ၂၀၂၀ -၂၁ ရာသီတွင် ပွဲစဉ်(၁)ပွဲလျှင် ကစားသမား (၅)ဦးအထိ လူစားလဲခွင့်ပြုခဲ့ကြောင်း သိရသည်။

လာလီဂါပွဲစဉ်များတွင် ပုံမှန်အတိုင်းဆိုလျှင် ပွဲစဉ် (၁)ပွဲ ၌ ကစားသမား (၃)ဦးသာ လူစားလဲခွင့်ပြုလေ့ရှိသည်။

သို့သော် ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ဘောလုံးပွဲစဉ်များကို ရပ်နားခဲ့ရပြီး ပြန်ကစားချိန်တွင် ကစားသမားများ ဒဏ်ရာရမှု လျှော့ချနိုင်ရန်အတွက် ကစားသမား (၅)ဦးအထိ လူစားလဲခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာ(၁၂) ရက်တွင်စတင်မည့် ၂၀၂၀-၂၁ ရာသီ လာလီဂါပြိုင်ပွဲ ၌ ကစားသမား (၃)ဦးသာ လူစားလဲခွင့်ပြုမည်လော၊ ကစားသမား (၅)ဦးအထိ လူစားလဲခွင့်ပြုမည်လောဟု အသင်းများကို မေးမြန်းခဲ့ကြောင်း သိရသည်။

လာလီဂါအသင်းများက ကစားသမား (၅)ဦးအထိ လူစားလဲခွင့်ပြုရန် တောင်းဆိုခဲ့ပြီး RFEF နှင့် LFP တို့က ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်မူ ကစားသမား(၃)ဦးသာ လူစားလဲသည့်စနစ်ကို ပြန်လည်ကျင့်သုံးသွားမည်ဖြစ်သည်။

Most Read

Most Recent