ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ-ဂျော်ဒန် ခြေစမ်းပွဲကို နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်ညှိနှိုင်းပြီး ဖျက်သိမ်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာ-ဂျော်ဒန် ခြေစမ်းပွဲကို နှစ်ဖက်ဘောလုံးအဖွဲ့ချုပ်ညှိနှိုင်းပြီး ဖျက်သိမ်း
Photo: EMG
Photo: EMG
Published 26 August 2020

ယင်းခြေစမ်းပွဲကို ယခင်က ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲမတိုင်မီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရာ မြန်မာ-ဂျော်ဒန်ခြေစမ်းပွဲကိုလည်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

 

နိုဝင်ဘာ ၆ ရက်တွင် ရန်ကုန်မြို့၌ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသည့် မြန်မာ့လက်ရွေးစင်အသင်းနှင့် ဂျော်ဒန်လက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို နှစ်ဖက်ဘောလုံး အဖွဲ့ချုပ် ညှိနှိုင်းပြီးနောက် ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယင်းခြေစမ်းပွဲကို ယခင်က ၂၀၂၂ ကမ္ဘာ့ ဖလားခြေစစ်ပွဲ အုပ်စုနောက်ဆုံးပွဲမတိုင်မီ ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယှဉ်ပြိုင်ကစားရန် စီစဉ်ထားသော်လည်း အာရှဘောလုံး အဖွဲ့ချုပ် (AFC) က ကမ္ဘာ့ဖလားခြေစစ်ပွဲ လက်ကျန်ပွဲများကို လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရာ မြန်မာ-ဂျော်ဒန်ခြေစမ်းပွဲကိုလည်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် (MFF) သည် မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲကို ဖျက်သိမ်းခဲ့ရသော်လည်း လာမည့်နှစ်တွင်ကစားရမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲအပေါ်မူတည်၍ နိုင်ငံတကာခြေစမ်းပွဲများ စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

" ဂျော်ဒန်အသင်းနဲ့ ခြေစမ်းပွဲကို နှစ်ဖက်ဘောလုံးအဖွဲ့ချုပ် ညှိနှိုင်းပြီး ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ  နိုင်ငံတကာပြိုင်ပွဲယှဉ်ပြိုင်ဖို့မရှိတဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်ဆင်တဲ့အပိုင်းမှာရော၊ ကစားရမယ့်နေရာတွေပါ အခက်အခဲရှိတာကြောင့် ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။ လက်ရွေးစင်အသင်းရဲ့ နိုင်ငံတကာ ပြိုင်ပွဲယှဉ်ပြိုင်ရမယ့် ကာလရောက်ရင်တော့ နိုင်ငံတကာခြေစမ်းပွဲကစားနိုင်ဖို့ စီစဉ်ပေးသွားမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ နိုင်ငံတကာ ပြိုင်ပွဲနဲ့ ခြေစမ်းပွဲတွေ ကစားဖို့မရှိသေးပါဘူး" ဟု MFF အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားခဲ့သည်။ 

 

Most Read

Most Recent