WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ်နံပါတ် ၁ စိန်ခေါ်သူ ဒီလီယန်ဝိုက်ကို နာမည်ကြီး ရုရှားလက်ဝှေ့သမား ပိုဗက်ကင် အလဲထိုးအနိုင်ယူ

WBC ဟဲဗီးဝိတ်ချန်ပီယံခါးပတ်နံပါတ် ၁ စိန်ခေါ်သူ ဒီလီယန်ဝိုက်ကို နာမည်ကြီး ရုရှားလက်ဝှေ့သမား ပိုဗက်ကင် အလဲထိုးအနိုင်ယူ
Photos : Getty Images
Photos : Getty Images
Published 23 August 2020

ယင်းပွဲစဉ်ကို ယနေ့ နံနက်ပိုင်းက Matchroom Boxing ကုမ္ပဏီရုံးချုပ်၏ ပန်းခြံအတွင်း ပရိသတ်မပါဘဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

နာမည်ကြီး ရုရှားလက်ဝှေ့သမား အလက် ဇန္ဒားပိုဗက်ကင်သည် WBC ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ်အတွက် နံပါတ် ၁ စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့သမား ဒီလီယန်ဝိုက်ကို အလဲထိုးအနိုင်ရခဲ့ကြောင်း သိရသည်။

ယင်းပွဲစဉ်ကို ယနေ့ နံနက်ပိုင်းက Matchroom Boxing ကုမ္ပဏီရုံးချုပ်၏ ပန်းခြံအတွင်း ပရိသတ်မပါဘဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ 

ဒီလီယန်ဝိုက်သည် ပွဲအစပိုင်းတွင် ပုံစံကောင်းပြနိုင်ပြီး စတုတ္ထအချီ၌ ပိုဗက်ကင် အား ကြမ်းပြင်ပေါ်သို့ နှစ်ကြိမ်လဲကျသွားစေခဲ့သည်။ သို့သော်ပဉ္စမအချီ စက္ကန့် ၃၀ အကြာ တွင် ပိုဗက်ကင်၏ ဝဲဘက်ပင့်လက်သီးချက် မေးစေ့ကိုထိမှန်ပြီးနောက် ဒီလီယန်ဝိုက် ပြန်မထနိုင်တော့ဘဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ပြီး အောက်ဆီဂျင်ပေးရသည်အထိ ဖြစ်ခဲ့သည်။

Most Read

Most Recent