နှစ်ရက်ကြာထိန်းသိမ်းခံရပြီးနောက် မက်ဂွိုင်းရား ပြန်လည်လွတ်မြောက်လာပြီး ဒဏ်ကြေး ပေါင် ၉၀၀၀၀ ပေးဆောင်ရဖွယ်ရှိ

နှစ်ရက်ကြာထိန်းသိမ်းခံရပြီးနောက် မက်ဂွိုင်းရား ပြန်လည်လွတ်မြောက်လာပြီး ဒဏ်ကြေး ပေါင် ၉၀၀၀၀ ပေးဆောင်ရဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 23 August 2020

မက်ဂွိုင်းရားအပါအဝင် သုံးဦးကို ဆိုင်ရော့စ်ဒေသ အစိုးရရှေ့နေများက အရာရှိများအား အကြမ်းဖက်မှု၊ အမိန့်မနာခံမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ နှုတ်ဖြင့်စော်ကား ပြောဆိုမှု၊ လာဘ်ငွေပေးရန် ကြိုးပမ်းမှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ရဲအရာရှိကို တိုက်ခိုက်မှုကြောင့် ဂရိ နိုင်ငံ၌ နှစ်ရက်ကြာ ထိန်းသိမ်းခံခဲ့ရသည့် မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် မနေ့က ပြန်လည်လွတ်မြောက်ခဲ့ကြောင်း သိရသည်။

မက်ဂွိုင်းရားအပါအဝင် သုံးဦးကို ဆိုင်ရော့စ်ဒေသ အစိုးရရှေ့နေများက အရာရှိများအား အကြမ်းဖက်မှု၊ အမိန့်မနာခံမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ နှုတ်ဖြင့်စော်ကား ပြောဆိုမှု၊ လာဘ်ငွေပေးရန် ကြိုးပမ်းမှုများဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ စနေနေ့ ကြားနာ စစ်ဆေးမှုတွင် မက်ဂွိုင်းရားက စွဲချက်အားလုံး အတွက် အပြစ်မရှိကြောင်း ထွက်ဆိုပြီးနောက် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ပြီး မည်သည့်စွဲချက်များ ရင်ဆိုင်ရမည်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ 

အင်္ဂါနေ့တွင် ကြားနာစစ်ဆေးမှု ထပ်မံပြုလုပ်မည် ဖြစ်သော်လည်း ကိုယ်တိုင်လာရောက်ရန်မလို ဘဲ ရှေ့နေက ကိုယ်စားတက်ရောက်နိုင်သောကြောင့် ၎င်းအနေဖြင့် တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် သီးသန့်လေယာဉ်ဖြင့် ဗြိတိန်သို့ပြန်လာ ဖွယ်ရှိကြောင်း သိရသည်။ မက်ဂွိုင်းရားသည် စွဲချက်များအတွက် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါက ထောင်ဒဏ်သုံးနှစ်ချမှတ်ခံရဖွယ်ရှိပြီး ယင်းပြစ်ဒဏ်အစား ပေါင် ၉၀၀၀၀ ပေး ဆောင်ရနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ ၎င်းတို့၏တိုက်ခိုက်မှုကြောင့် ရဲအရာရှိလေးဦး ဒဏ်ရာများရရှိခဲ့သည်။

မက်ဂွိုင်းရား လွတ်မြောက်လာပြီးနောက် မန်ယူအသင်းက "တရားရုံးမှာ ယနေ့ ကြားနာစစ်ဆေးမှုပြီးနောက် ဥပဒေအဖွဲ့ စေလွှတ်မယ့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ဟာရီက စွဲချက်တွေအတွက် အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဥပဒေအရ ဆောင်ရွက်မှု တွေပြုလုပ်နေဆဲကာလမှာ မှတ်ချက်ပေးခြင်းက ကစားသမားအတွက်ရော အသင်းအတွက်ပါ မသင့်လျော်ပါဘူး" ဟု ကြေညာချက်ထုတ် ပြန်ခဲ့သည်။

Most Read

Most Recent