ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်ဟု ဒီဘားလား၏အေးဂျင့်ဖြစ်သူ ဆို

ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်ဟု ဒီဘားလား၏အေးဂျင့်ဖြစ်သူ ဆို
Photo: Getty Images
Photo: Getty Images
Published 19 August 2020

အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလား၏အေးဂျင့်ဖြစ်သူ ဂျော့ချ်အန်တန်က ဒီဘားလားအနေဖြင့် ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်တွင် လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြ ဆာရီကို ထုတ်ပယ်ခဲ့သလို၊ ဒီဘားလားကိုလည်း ရောင်းချဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ 

သို့သော် အဆိုပါသတင်းများမှာ မဟုတ်မှန်ကြောင်း ဒီဘားလား၏အေးဂျင့်ဖြစ်သူက ပြောကြားခဲ့သည်။ 

ဂျော့ချ်အန်တန်က "ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဒီဘားလားအကြောင်း ရေးထားတဲ့ သတင်းစာတွေကို ကျွန်တော် ဖတ်ရပါတယ်။ အဲဒီသတင်းတွေက လုံးဝအမှားတွေပါ။ ဒီဘားလားဟာ ဂျူဗင်တပ်စ်ကစားသမားဖြစ်ပြီး သူ့အနေနဲ့ အသင်းမှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ စာချုပ်သစ်အတွက် အသင်းနဲ့ တိုင်ပင်ဆွေးနွေးနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

ဂျူဗင်တပ်စ်အသင်းနှင့် ချုပ်ဆိုထားသည့် ဒီဘားလား၏ လက်ရှိစာချုပ်မှာ ၂၀၂၂ ခုနှစ်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းအနေဖြင့် ၎င်းကို နှစ်ရှည်စာချုပ် ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရသည်။ 

အသက် (၂၆)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား ဒီဘားလားသည် ၂၀၁၅ ခုနှစ်တွင် ပါလာမိုအသင်းမှ ဂျူဗင်တပ်စ်အသင်းသို့ ယူရို (၃၂)သန်း+Add-ons (ယူရို ၈ သန်း)ဖြင့် ပြောင်းရွှေ့လာသူဖြစ်သည်။ 

ဒီဘားလားသည် ဂျူဗင်တပ်စ်အသင်းအတွက် (၅)ရာသီအတွင်း ပြိုင်ပွဲစုံ (၂၂၈)ပွဲကစားပြီး (၉၅)ဂိုး သွင်းယူပေးထားသည်။