စိန်၊ ရေနံစိမ်း၊ ဆင်စွယ်၊ ဆင်၊ မြင်း၊ ရှားပါးတိရစ္ဆာန်များ၊ လက်နက်ခဲယမ်းနှင့် ရှေးဟောင်းပစ္စည်းများကို ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများအဖြစ် သတ်မှတ်

စိန်၊ ရေနံစိမ်း၊ ဆင်စွယ်၊ ဆင်၊ မြင်း၊ ရှားပါးတိရစ္ဆာန်များ၊ လက်နက်ခဲယမ်းနှင့် ရှေးဟောင်းပစ္စည်းများကို ပြည်ပသို့ တင်ပို့ခွင့်မပြုသော ပစ္စည်းများအဖြစ် သတ်မှတ်
Published 18 August 2020

စိန်၊ ရေနံစိမ်း၊ ဆင်စွယ်၊ ဆင်၊ မြင်း၊ ရှားပါးတိရစ္ဆာန်များ၊ လက်နက်ခဲယမ်းမီး ကျောက်နှင့် ရှေးဟောင်းပစ္စည်းများကို ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ အမှတ် ၅၉/ ၂၀၂၀ ကို ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အဆိုပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်စွဲပါ အမိန့်အမှတ် ၁၀/ ၁၉၉၉ ဖြင့် ပင်လယ်ရေကြောင်းမှ တင်ပို့ခွင့်မပြုသည့်ပစ္စည်း ၃၁ မျိုးနှင့် နယ်စပ်ဒေသများမှ တင်ပို့ခွင့်မပြုသည့် ပစ္စည်း ၃၂ မျိုးထုတ်ပြန်ခဲ့ရာ ၂၀၀၈ ခုနှစ်တွင် ကုန်စည်အချို့အား ဖြေလျှော့တင်ပို့ခွင့်ပြုခဲ့ရာ တင်ပို့ခွင့်မပြုသောပစ္စည်း ၁၅ မျိုးသို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။

အဆိုပါတင်ပို့ခွင့်မပြုသော ပစ္စည်းအချို့အား အမိန့်အမှတ် ၁/၂၀၁၁ နှင့် ၁၄/ ၂၀၁၄ တို့နှင့် အမိန့်ကြော်ငြာစာအမှတ် ၆၂/၂၀၁၆၊ ၄၉/၂၀၁၇ နှင့် ၇/၂၀၁၈ တို့ဖြင့် အသီးသီးဖြေလျှော့တင်ပို့ခွင့်ပြုခဲ့ပြီး ဖြစ်သည်။

သို့ဖြစ်၍ လက်ရှိအချိန်တွင် အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ပစ္စည်းများအနက် ပင်လယ်ရေကြောင်း၊ နယ်စပ်ကုန်သွယ်မှုနှင့် လေကြောင်းမှလည်းကောင်း ပြည်ပသို့တင်ပို့ခွင့်မပြုသော ပစ္စည်းများကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါပစ္စည်းများမှာ တွင်းထွက်ပစ္စည်းနှင့် ဓာတ်သတ္တုပစ္စည်းများတွင် စိန်၊ ရေနံစိမ်း (အမိန့် ၁၀/၁၉၉၉ တွင် “ရေနံ” )၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများတွင် ဆင်စွယ်၊ ဆင်၊ မြင်းနှင့် ရှားပါးတိရစ္ဆာန်များ၊ အထွေထွေကုန်ပစ္စည်းများတွင် လက်နက်ခဲယမ်း မီးကျောက်၊ ရှေးဟောင်းပစ္စည်းများ ပါဝင်သည်။

သက်ဆိုင်ရာတည်ဆဲဥပဒေအရ ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများသည် ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ် တည်ရှိကြောင်း၊ ယခုအမိန့်ကြော်ငြာစာဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၉၉၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်စွဲပါ အမိန့်အမှတ် ၁၀/၁၉၉၉ အား လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရသည်။

ရွှေ၊ လတ်ဝတ်ရတနာများ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများ တင်ပို့တင်သွင်းခြင်းကို အကြောင်းပြု၍ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးများ ဝင်ရောက်နိုင်ခြင်း မရှိစေရေးအတွက် တင်ပို့တင်သွင်းခွင့် လိုင်စင်များကို L/C သို့မဟုတ် TT စနစ်အစား Letter of Credit (L/C) စနစ်ဖြင့်သာ ခွင့်ပြုမည်ဖြစ်သည်။

Most Read

Most Recent