ပထမအကြိမ် မဲစာရင်း ကြေညာချက်အရ စစ်ကိုင်းခရိုင်အတွင်း မဲဆန္ဒရှင် လေးသိန်းကျော်ရှိပြီး အချက်အလက် မှားယွင်းမှုကြောင့် ပြင်ဆင်သူ တစ်သောင်းနီးပါး ရှိကြောင်း သိရ

ပထမအကြိမ် မဲစာရင်း ကြေညာချက်အရ စစ်ကိုင်းခရိုင်အတွင်း မဲဆန္ဒရှင် လေးသိန်းကျော်ရှိပြီး အချက်အလက် မှားယွင်းမှုကြောင့် ပြင်ဆင်သူ တစ်သောင်းနီးပါး ရှိကြောင်း သိရ
Published 12 August 2020
မင်းသန့်

လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းများကို ဇူလိုင် ၂၅ ရက်မှ စတင်၍ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ကြေညာပေးလျက်ရှိရာ စစ်ကိုင်းခရိုင်အတွင်း၌ မဲဆန္ဒရှင်ဦးရေ လေးသိန်းကျော်ရှိပြီး သြဂုတ်လ ပထမပတ်အထိ ဖြည့်စွက် လျှောက်ထားသူ၊ ကန့်ကွက်သူနှင့် တောင်းဆိုသူ စသည်ဖြင့် အချက်အလက်မ ှားယွင်းမှုကြောင့် ပြင်ဆင်သူ တစ်သောင်းနီးပါးရှိကြောင်း စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

လက်ရှိ ထုတ်ပြန်ကြေညာလျက်ရှိသော မဲပေးပိုင်ခွင့်ရှိသူ စာရင်းအရ စစ်ကိုင်းမြို့နယ်တွင် ၂၃၁၁၇၆ ဦး၊ မြင်းမူမြို့နယ်တွင် ၉၃၉၁၀ ဦးနှင့် မြောင်မြို့နယ်တွင် ၈၉၃၀၇ ဦးရှိပြီး မဲစာရင်းတွင် မပါဝင်ခြင်းကြောင့် ပုံစံ(၃)ဖြင့် တောင်းဆိုလွှာလျှောက်ထားသူ ၃၉၆၅ ဦး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ(၄) ဖြင့် ကန့်ကွက်လွှာတင်သူ ၁၁၁၅ ဦး၊ ကိုယ်ရေး အချက်အလက် မှန်ကန်မှုမရှိခြင်းကြောင့်  ပုံစံ ၄ (ဂ) ဖြင့်  ပြင်ဆင်လွှာဖြည့်စွက်သူ ၄၄၈၁ ဦးရှိကြောင်း စစ်ကိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဇော်မိုးမြင့်ထံမှ သိရသည်။

“အခြေခံမဲစာရင်း ကြေညာတဲ့ ကာလအတွင်းမှာ ပုံစံ (၃) နဲ့ တောင်းဆိုတာက ၃၉၆၅ ဦး၊ ပုံစံ(၄)နဲ့ ကန့်ကွက်တာ ၁၁၁၅ ဦးရှိပါတယ်။ ပုံစံ ၄ (ဂ) နဲ့ အချက်အလက်တွေ ပြင်ဆင်တာက ၄၄၈၁ ဦးရှိပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်တင်သွင်းခြင်းနဲ့ ပတ်သက်ပြီး ပါတီ ခုနစ်ခုနဲ့ ၅၆ ဦး အမည်စာရင်း တင်သွင်းထားပါတယ်”ဟု ဦးဇော်မိုးမြင့်က ပြောကြားသည်။

လက်ရှိတွင် စစ်ကိုင်းခရိုင်အတွင်း၌ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ပါတီ ခုနစ်ပါတီမှ ကိုယ်စားလှယ်လောင်း ၅၆  ဦး အမည်စာရင်း တင်သွင်းထားပြီး ယင်းပါတီများမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ၁၀ ဦး ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ၁၀ ဦး၊ ပြည်ထောင်စုကြ့ံခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ၁၀ ဦး၊ ပြည်သူ့ရှေ့ဆောင်ပါတီ လေးဦး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၁၀ ဦး၊ မြန်မာနိုင်ငံ တောင်သူလယ်သမား တိုးတက်ရေးပါတီ နှစ်ဦးနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ၁၀ ဦးတို့ဖြစ်ပြီး တစ်သီးပုဂ္ဂလတစ်ဦး ပါဝင်ကြောင်း သိရသည်။

 

 

Most Read

Most Recent