မန်စီးတီးပစ်မှတ် အလာဘာအား စာချုပ်သစ် ချုပ်ဆိုရန် ဘိုင်ယန်မြူးနစ်အသင်း စီစဉ်

မန်စီးတီးပစ်မှတ် အလာဘာအား စာချုပ်သစ် ချုပ်ဆိုရန် ဘိုင်ယန်မြူးနစ်အသင်း စီစဉ်
Photo: Getty Images
Photo: Getty Images
Published 12 August 2020

ဘိုင်ယန်မြူးနစ်အသင်းသည် မန်စီးတီးအသင်းက ခေါ်ယူရန် ပစ်မှတ်ထားနေသည့် အသင်းနောက်ခံလူ အလာဘာအား စာချုပ်သစ် ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။ 

အသက် (၂၈)နှစ်အရွယ်ရှိ သြစတြီးယားဘယ်နောက်ခံလူ အလာဘာသည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

အလာဘာသည် စာချုပ်သစ်အတွက် တစ်နှစ်လစာ ပေါင် (၁၈)သန်းအထိ အလိုရှိနေပြီး အဆိုပါပမာဏကို ဘိုင်ယန်မြူးနစ်အသင်းက ပေးချေလိုခြင်းမရှိကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ 

ထို့ကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ဘိုင်ယန်မြူးနစ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် အလာဘာအား ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ခေါ်ယူရန် စီစဉ်နေသည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

သို့သော် ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်ချုပ် ရူမင်နစ်ဂီက အလာဘာအား စာချုပ်သစ်ချုပ်ဆိုနိုင်မည်ဟု ယုံကြည်ကြောင်းနှင့် စာချုပ်သစ်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

"စာချုပ်သစ်ကိစ္စနဲ့ ပတ်သက်ပြီး အလာဘာနဲ့ ဆွေးနွေးသွားမှာပါ။ သူနဲ့ ဆွေးနွေးတဲ့အခါ ကျွန်တော်တို့အနေနဲ့ အရာအားလုံးအဆင်ပြေအောင် သတိထားဆွေးနွေးသွားမှာဖြစ်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်"ဟု ရူမင်နစ်ဂီက ပြောကြားခဲ့သည်။ 

အလာဘာသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ပရော်ဖက်ရှင်နယ်ကစားသမားဘဝ စတင်ခဲ့သူဖြစ်ပြီး အသင်းအတွက် (၁၁)ရာသီအတွင်း ပြိုင်ပွဲစုံ (၃၈၃)ပွဲကစားခဲ့ကာ (၃၁)ဂိုး သွင်းယူပေးထားသည်။ 

Most Read

Most Recent