ဘာစီလိုနာမှ မထွက်လိုသော်လည်း အတင်းရောင်းခံခဲ့ရသည်ဟု လူငယ်တောင်ပံကစားသမား ကာလက်စ်ပီရက်ဇ် ဖွင့်ဟ

ဘာစီလိုနာမှ မထွက်လိုသော်လည်း အတင်းရောင်းခံခဲ့ရသည်ဟု လူငယ်တောင်ပံကစားသမား ကာလက်စ်ပီရက်ဇ် ဖွင့်ဟ
Photos : Getty Images
Photos : Getty Images
Published 9 August 2020

ဘာစီလိုနာအသင်းမှ ရိုးမားအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် လူငယ်တောင်ပံကစားသမား ကာလက်စ်ပီရက်ဇ်က မိမိသည် ဘာစီလိုနာက မထွက်လိုသော်လည်း အတင်းရောင်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် ရိုးမားအသင်းတွင် ပျော်ရွှင်နေကြောင်း စပိန်သတင်းအေဂျင်စီ EFE သို့ ဖွင့်ဟခဲ့သည်။

ဘာစီလိုနာအသင်းမှ ရိုးမားအသင်းသို့ ပြောင်းရွှေ့လာခဲ့သည့် လူငယ်တောင်ပံကစားသမား ကာလက်စ်ပီရက်ဇ်က မိမိသည် ဘာစီလိုနာက မထွက်လိုသော်လည်း အတင်းရောင်းခံခဲ့ရခြင်းဖြစ်ကြောင်း၊ သို့သော် ရိုးမားအသင်းတွင် ပျော်ရွှင်နေကြောင်း စပိန်သတင်းအေဂျင်စီ EFE သို့ ဖွင့်ဟခဲ့သည်။ ရိုးမားအသင်းသည် ပီရက်ဇ်အား ယူရို(၁၁)သန်း ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ပီရက်ဇ်က "ကျွန်တော် ဘာကြောင့် ထွက်ခဲ့ရတာလဲ မသိပါဘူး။ ဘာစီလိုနာက ပိုက်ဆံလိုနေတာ ဖြစ်နိုင်ပါတယ်။ အကြောင်းရင်းတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် မထွက်ခွာရသင့်ဘူးလို့ ထင်ပါတယ်။ လာမာစီယာထွက်ဖြစ်တဲ့ ကျွန်တော့်ကို ကမ်းလှမ်းမှုတွေ အများကြီးရှိပါတယ်။ ဘာစီလိုနာမှာ ကစားချင်လို့ အမြဲတမ်းငြင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ ဒါတွေက အတိတ် ဖြစ်သွားပါပြီ။ ရိုးမားမှာ ကျွန်တော် ပျော်ပါတယ်"ဟု ပြောကြားခဲ့သည်။ 

ကာလက်စ်ပီရက်ဇ်သည် အငှားကစားခဲ့သည့်ကာလအတွင်း ရိုးမားအတွက် (၂)ဂိုး သွင်း၊ (၃)ဂိုး ဖန်တီးခဲ့သူဖြစ်သည်။

Most Read

Most Recent