ဆာရီအား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ထားသော်လည်း တစ်ရာသီအကြာမှာပင် ထုတ်ပယ်ခဲ့သောကြောင့် ဂျူဗင်တပ်စ်အသင်း ယူရိုသန်း ၂၀ ကျော် ပေးချေရဖွယ်ရှိ

ဆာရီအား သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ထားသော်လည်း တစ်ရာသီအကြာမှာပင် ထုတ်ပယ်ခဲ့သောကြောင့် ဂျူဗင်တပ်စ်အသင်း ယူရိုသန်း ၂၀ ကျော် ပေးချေရဖွယ်ရှိ
Photos : Getty Images
Photos : Getty Images
Published 9 August 2020

ဆာရီ (၆၁ နှစ်) သည် ပထမဆုံးရာသီမှာပင် ဂျူဗင်တပ်စ်အသင်းအား စီးရီးအေချန်ပီယံဆု ကိုးကြိမ်ဆက်တိုက်ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း အီတလီစူပါဖလားနှင့် ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် ဒုတိယ၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရသဖြင့် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ဆာရီ ကို သုံးနှစ်စာချုပ်ဖြင့် ခန့်အပ်ထားသော်လည်း တစ်ရာသီအကြာမှာပင် ထုတ်ပယ်ခဲ့သောကြောင့် ယူရိုသန်း ၂၀ ကျော် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ 

ဆာရီ၏ တစ်နှစ်လစာမှာ (အခွန်ဆောင်ပြီး) ယူရို ၅ ဒသမ ၅ သန်းဖြစ်ပြီး စီးရီးအေချန်ပီယံဆုရရှိခဲ့သဖြင့် ဆုကြေးထပ်မံပေးချေရဖွယ်ရှိသည်။ ထို့ပြင် ၎င်းအား ရာထူး မှထုတ်ပယ်လိုက်သဖြင့် လက်ကျန်စာချုပ် နှစ်နှစ်အတွက် ယူရို ၁၁ သန်းပေး ချေရမည်ဖြစ်ရာ စုစုပေါင်း ယူရို ၂၀ ဒသမ ၃ သန်းအထိ ကုန်ကျဖွယ်ရှိနေ ခြင်းဖြစ်သည်။ 

ဆာရီ (၆၁ နှစ်) သည် ပထမဆုံးရာသီမှာပင် ဂျူဗင်တပ်စ်အသင်းအား စီးရီးအေချန်ပီယံဆု ကိုးကြိမ်ဆက်တိုက်ရရှိစေရန် စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း အီတလီစူပါဖလားနှင့် ကိုပါအီတာလီယာဖလားပြိုင်ပွဲတွင် ဒုတိယ၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၁၆ သင်းအဆင့်မှ ထွက်ခဲ့ရသဖြင့် ထုတ်ပယ်ခံရခြင်း ဖြစ်သည်။

Most Read

Most Recent